အောင်သူကို ချစ်သူအဖြစ် ဘာကြောင့်ရွေးချယ်ခဲ့ရလဲ ဆိုတာကို ပြောပြလာတဲ့ ပိုးအိအိခန့်

အဓိက ပိုးအိက ပေါင်းရင်စိတ်ပဲပေါင်းတာ သူဘာကြီးပဲဖြစ်နေပစေ သူနဲ့ကိုယ်နဲ့စိတ်သဘောထားချင်းမတူရင်လှည့်လည်းမကြည့်တတ်ဖူး အဓိကက သူ့ရဲ့စိတ်ထားကောင်းတယ်နောက်တစ်ခုက ရိုးသားတယ် ဖြူစင်တယ် ပြီးတော့ဦးစားပေးတတ်တဲ့စိတ်ရှိတယ်

သူကကိုယ့်ထက်အသက်ငယ်တယ် ဒါပေမဲ့သူ့ရဲ့စဉ်းစားတာတွေ သူကိုယ့်အပေါ်မှာပြုမူဆက်ဆံတာတွေက လူကြီးဆန်ပါတယ်။ကိုယ်ကကြီးတယ်သာပြောတာပါ ကိုယ်ကပဲသူ့ကို မှီနေတဲ့သဘောပါပဲ။သဘောတူတဲ့ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

သဘောမတူတဲ့ပရိသတ်တွေကိုလည်းအပြစ်တော့မတင်ပါဘူး အထူးသဖြင့်သူ့ရဲ့ပရိသတ်တစ်ချို့ပေါ့နော် ဒါကတော့သူကအနေအေးတယ် ရိုးတဲ့အေးတဲ့အခါကျတော့ကိုယ်က အနုပညာလောကက ဆိုတော့ လည်လည်ဝယ်ဝယ် နှံ့နှံ့စပ်စပ်နဲ့လုပ်ရတယ် အဲ့လိုမျိုးဆိုတော့ သူ့ဘက်ကိုစိုးရိမ်တဲ့စိတ်ကြောင့်ပြောကြတာပါ။ အဲ့တာကြောင့်အပြစ်တော့မတင်ပါဘူး ဒါကလည်းကိုယ်တို့နှစ်ယောက်ရဲ့စိတ်နေသဘောထားတွေကိုမသိတဲ့သူတွေပဲပြောကြတာပါ။

သိတဲ့သူတွေကတော့ သဘောတူကြပါတယ်။ တစ်ခါတော့စိတ်ကောက်လိုက်သေးတယ် သူအင်တာဗျူးဖြေတာမတတ်လို့ ခုနောက်ပိုင်းတော့အင်တာဗျူးဖြေမယ်ဆို တိုင်ပင်တယ် ပိုးအိအဆင်ပြေရဲ့လားမေးတယ်ပေါ့နော် သူစကားလုံးတွေပြောတာချောအောင်တော့ကိုယ်ကသင်ပေးရတယ်။ အနုပညာနဲ့ပတ်သတ်ပြီး ပိုအိကတော့ အစွမ်းကုန် ကိုယ်လုပ်နိုင်တာထက်ပိုပြီးတော့ အနုပညာကို အများကြီးပေးဆပ်သွားပါမယ် ကြိုးစားသွားပါမယ် အဲ့လိုပိုးအိကြိုးစားတဲ့အပေါ်မှာလည်း အသိအမှန်ပြူပေးကြပါလို့ဖြေကြားခဲ့ပါတယ်။

Source – Myamar Celebrity

Credit-We Love Cele

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *