မင်းသားကြီး ဦးကျော်သူရဲ့ ဗယ်လင်တိုင်း

အနုပညာလောကရဲ့ ဝါရင့် အကယ်ဒမီ မင်းသားကြီးတစ်လက်ဖြစ်သလို ပရဟိတမင်းသားကြီးတစ်လက်လည်းဖြစ်တဲ့ ဦးကျော်သူ ဗယ်လင်တိုင်းကတော့ လက်ရှိလူမှုစာမျက်နှာထက်မှာ အတော်လေးရေပန်းစားလို့နေပါတယ် ပရိသတ်ကြီးရေ။ အနုပညာလောကကနေ အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့တဲ့ ဦးကျော်သူတစ်ယောက် လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ပြန်လည်လို့လုပ်ကိုင်နေပါတယ်။

ဦးကျော်သူကတော့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာ ကျရောက်မယ့် ချစ်သူများနေ့အတွက်ဆိုပြီး အမှတ်တရဓာတ်ပုံလေးတွေကို သူ့ရဲ့ လူမှုစာမျက်နှာမှာ “Vအိုကြီးတွေအတွက်… “V ချစ်သူများနေ့ကိုကြိုဆိုပါ၏” ရေးသားပြီး တင်ထားတာတွေ့ရပါတယ်။ ဒီဓာတ်ပုံလေးတွေထဲမှာ မင်းသား ထူးအောင်နဲ့ မင်းသမီး မေမြင့်မိုရ်တို့နဲ့အတူ တွဲရိုက်ထားတာတွေ့ရပြီး ပရိသတ်တွေကတော့ သဘောကျလို့နေကြပါတယ်။

လက်ရှိမှာတော့ ဦးကျော်သူတစ်ယောက် ထူးအောင် မေမြင့်မိုရ်တို့နဲ့အတူ “ပုဂံမြို့သူ” ဇာတ်ကားကို ရိုက်ကူးလျက်ရှိနေတယ်လို့ သိရပါတယ်။ ကဲ ပရိသတ်ကြီးရေ ရိုက်ကွင်းမှာပျော်နေကြတဲ့ ဦးကျော်သူ ထူးအောင်နဲ့ မေမြင့်မိုရ်တို့ရဲ့ ဓာတ်ပုံလေးတွေကို ပရိသတ်ကြီးအတွက် ကူးယူဖော်ပြပေးလိုက်ပါတယ်နော်…..

Source : myanmarload.com

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *