V Day မတိုင်ခင်တည်းက လက်ဆောင်တွေ ကြိုရနှင့်နေတဲ့ ဆယ်လီများ

ဖေဖော်ဝါရီလ (၁၄)ရက်နေ့ကတော့ Valentine’s Day ချစ်သူများနေ့ပါ။ အဲဒီနေ့လေးမှာတော့ ချစ်သူတွေ အချင်းချင်း အပြန်အလှန်လက်ဆောင်တွေ ပေးကြသလို ချစ်သူမဟုတ်ဘဲ တစ်ခြား ကိုယ်ချစ်တဲ့သူတွေကိုလည်း ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့အနေနဲ့ လက်ဆောင်တွေ ပေးကြတာတွေကို ရှိပါတယ်။ အနုပညာရှင်တွေကိုဆိုရင် သူတို့ကို ချစ်တဲ့ပရိသတ်တွေက လက်ဆောင်တွေ ပေးကြတာတွေရှိပါတယ်။ V Day မတိုင်ခင်တည်းက လက်ဆောင်တွေ ကြိုရနှင့်နေတဲ့ အနုပညာရှင် ဆယ်လီတွေ ရှိပါတယ်။ သူတို့ကတော့-

ဟိန်းဝေယံ

ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချော ဟိန်းဝေယံကတော့ ချစ်သူများနေ့ အကြိုလက်ဆောင်တွေ ရနှင့်နေခဲ့ပါပြီ။ ဖေဖော်ဝါရီ (၁၂)ရက်နေ့က သူ့ရဲ့ FB ပေါ်မှာ..”Valentine day မတိုင်ခင်… Fan တွေပို့လိုက်တဲ့အမှတ်တရ လက်ဆောင်များနဲ့ အမှတ်တရပါ …ကျွန်တော့်ကို အခုလို သတိတရ ရှိကြတဲ့အတွက် aကျးဇူးတင်ပါတယ်ဗျာ..” ဆိုပြီး တင်ထားပါတယ်။ ဟိန်းဝေယံကတော့ ပရိသတ်တွေဆီကနေ ချစ်သူများနေ့ အကြိုလက်ဆောင်ရခဲ့တယ်လို့ ပြောထားပါတယ်။

စိုးပြည့်သဇင်

စိုးပြည့်ကတော့ ဖေဖော်ဝါရီ (၁၁)ရက်နေ့တည်းက လက်ဆောင်တွေ ကြိုရနှင့်နေပါပြီ။ “Valentine’s day အကြိုတဲ့…. အိမ်လာပြီးလုပ်ပေးသွားတာ💙💙💙ချစ်တယ်အားလုံးကို…😘😘ကိုယ်တိုင်မလာနိုင်ပေမယ့် ချစ်ပေးတဲ့သူလေးတွေကိုလည်းချစ်တယိ….အချစ်ခံရတဲ့အတွက်လည်း ပျော်တယ်❤️❤️❤️ အားလုံး ပေးတဲ့လက်ဆောင်လေးတွေကိုတစ်ခုချင်းစီမရိုက်နိုင်တာလေးတော့ ခွင့်လွှတ်ပေးပါနော်…. တစ်ခုချင်းစီတန်ဖိုးထားပါတယ်နော်…” ဆိုပြီး တင်ထားပါတယ်။သူမရဲ့ ပရိသတ်တွေက အိမ်အထိ လာပေးသွားတာပါ။

ပိုင်တံခွန်

ပိုင်တံခွန်ကလည်း သူ့ရဲ့ FB ပေါ်မှာ ဖေဖော်ဝါရီ (၁၁)ရက်နေ့တုန်းက Post တစ်ခု တင်ထားပါတယ်။ “အိမ်​​ရှေ့ က ​တွေ့လို့. ✌ ဘယ်​သူ့ဟာလည်း..” ဆိုပြီး မေးထားပါတယ်။ ပရိသတ်တစ်ယောက်က ချစ်သူများနေ့အကြို ပို့ပေးတဲ့ လက်ဆောင်လို့ သိရပါတယ်။

မေပန်းချီ

မေပန်းချီကတော့ အမည်မသိလူတစ်ယောက်ဆီကနေ လက်ဆောင်ရခဲ့တာပါ။ ဖေဖော်ဝါရီ (၁၁)ရက်နေ့က သူ့မရဲ့ FB ပေါ်မှာ live လွှင့်ပြီး လက်ဆောင်ဘူးဖောက်ခဲ့တာပါ။ သူမ ရခဲ့တာကတော့ အရုပ်လေးတွေ၊ ချောကလက်တွေ၊ ငွေသား (၃)သိန်းနဲ့ iPhone တစ်လုံးပါ။

အေးချမ်းမိုး

အေးချမ်းမိုးကတော့ သူမရဲ့ FB မှာ ဖေဖော်ဝါရီ (၁၃) ရက်နေ့က ..”ကိုယ့်ကို Valentine Day လက်ဆောင် မရနိုင်ဘူးလို့ ယူတို့ထင်ရင် သိပ်မှားသွားမယ်နော် …ဟဲ..ဟဲ 😂😂😂 မနေ့က ရှုတင်က ပြန်ရောက်ရောက်ချင်း ချမ်းမိုးကို Surprise လက်ဆောင် လာပေးတဲ့ #ATOPALM cosmetic မိသားစုကို ကျေးဇူးအများကြီး တင်ပါတယ်နော် 😘 Pre Valentine Day လက်ဆောင်ဆိုပြီး ကြွားလို့ရသွားတာပေါ့နော်..” ဆိုပြီး တင်ထားပါတယ်။

from အနုပညာရှင်များရဲ့ FB

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *