“(၂၀၁၈)အတွင်း လူမှုကွန်ရက်မှာ စိတ်ဝင်စားမှုအများဆုံးရနေတဲ့ ဆယ်လီစုံတွဲများ”

မနက်ဖန်ဆိုရင် ချစ်သူများနေ့ရောက်ပြီဆိုတော့ ပရိတ်သတ်တွေအတွက် အနုပညာရှင်တွေရဲ့ အချစ်ရေးလေးတွေကို မျှဝေပေးမယ်နော်။

(၂၀၁၇)ခုနှစ်နှောင်းပိုင်း (၂၀၁၈)ခုနှစ်အစမှာ လမ်းခွဲပြတ်ဆဲသွားတဲ့ ဆယ်လီစုံတွဲတွေရှိသလို ချစ်သက်တမ်းမကြာသေးပေမယ့် ပရိသတ်တွေအားကျရလောက်အောင် အချစ်ပိုနေကြတဲ့ စုံတွဲတွေလည်း ရှိနေပါတယ်။

ချစ်စရာအကောင်းဆုံးစုံတွဲလေးဖြစ်သလို လိုက်ဖက်ညီလို့ ပရိသတ်တိုင်းအားကျနေရပါတယ်။ သူတို့အားလုံးဟာ နယ်ပယ်တစ်ခုစီမှာ ထွန်းထွန်းပေါက်ပေါက် အောင်မြင်နေတဲ့ လူငယ်အနုပညာရှင်တွေဖြစ်ကြသလို အချစ်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ နာမည်ကြီးနေသူတွေဖြစ်ပါတယ်။

ချစ်စရာအကောင်းဆုံးစုံတွဲလေးဖြစ်သလို လိုက်ဖက်ညီလို့ ပရိသတ်တိုင်းအားကျနှစ်သက်ရတဲ့သူတို့အားလုံးဟာ နယ်ပယ်တစ်ခုစီမှာ ထွန်းထွန်းပေါက်ပေါက် အောင်မြင်နေတဲ့ လူငယ်အနုပညာရှင်တွေဖြစ်ကြသလို အချစ်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ နာမည်ကြီးနေသူတွေဖြစ်ပါတယ်။

ဇာတ်ကားတွေအတူတူရိုက်ကူးဖူးတဲ့ သရုပ်ဆောင် ဆုအိမ်စံနဲ့ သူရိယတို့ စုံတွဲလေးဟာ ချစ်သက်တမ်း တစ်နှစ်ကျော်သာရှိသေးပေမယ့် လိုက်ဖက်တဲ့ စုံတွဲလေးပါ။

နောက်ထပ် ပရိသတ်အချစ်တော် ဆယ်လီစုံတွဲလေးကတော့ လက်တလောလူမှုကွန်ရက်မှာ လူပြောများနေတဲ့ အဆိုတော် ဂျီဖတ် နဲ့ သရုပ်ဆောင် နန်းစုရတီစိုး တို့ နှစ်ဦးဖြစ်ပါတယ်။သူတို့စုံတွဲလေးဟာ မီဒီယာတွေနဲ့ ပရိသတ်တိုင်းကို ချစ်သူဖြစ်နေကြောင်း တရားဝင်ချပြထားခြင်းမရှိသေးပေမယ့် စုံတွဲပုံလေးတွေကိုတော့ မကြာခဏမျှဝေလေ့ရှိပါတယ်။

နောက်ထပ် စုံတွဲလေးကတော့ အကယ်ဒမီမင်းသားထွန်းထွန်း တို့ချစ်သူစုံတွဲလေးဖြစ်ပါတယ်။ ထွန်းထွန်းဟာ အားလုံးကို အသိပေးထားမျိုးမရှိသေးပေမယ့် အင်စတာဂရမ်အကောင့်မှာတော့ မထင်မရှားဖြစ်တဲ့ နှစ်ယောက်ပုံလေးတွေသာ အရိပ်အမြွတ် တင်လေ့ရှိပါတယ်။

LDRS ရေခြားမြေခြားစုံတွဲလေးဖြစ်တဲ့ သရုပ်ဆောင်ပိုးအိအိခန့် နဲ့ ဘောလုံးသမား အောင်သူတို့ ချစ်သူနှစ်ဦးရဲ့ သတင်းကလည်း လူမှုကွန်ရက်မှာ ဟိုးလေးတစ်ကျော်ဖြစ်သွားခဲ့တာပါ။ သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်းနုသေးပေမယ့် မကြာသေးမီကမှ ဖေ့ဘုတ်စ်မှာ ချစ်သူဖြစ်ကြောင်း RS ချိတ်ထားတာကိုတွေ့ရပါတယ်။ကြံကြံဖန်ဖန် ဆုံတတ်တဲ့ သူတို့နှစ်ယောက်ရဲ့ ဖူးစာကိုတော့ ပရိသတ်တွေသဘောကျနေရတာဖြစ်ပါတယ်။

ကဲ ပရိသတ်ကြီးရော ဘယ်စုံတွဲလေးကို အချစ်ဆုံးလဲ။

Source – Myanmarload

Photos – Facebook

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *