နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဗုံးပေါက်ကွဲမှုဖြစ်

ဒီနေ့ (ဖေဖော်ဝါရီလ ၁၃ ရက် )မနက်ပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဗုံးပေါက်ကွဲတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါဗုံးပေါက်ကွဲမှုက ကံပြားလမ်းပေါ် သရက်တောအုပ်စု ၊စည်ပင်သာကျေးရွာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အမြန်လမ်းနဲ့ ခုနှစ်မိုင်ကျော်ကွာဝေးတယ်လို့ ဥတ္တရသီရိမြို့နယ်မှူး ရဲမှူးစိန်ဝင်းက ဆဲဗင်းဒေးသတင်းစာကို ပြောပါတယ်။

ဗုံးပေါက်ကွဲရတဲ့ အကြောင်းအရင်းနဲ့ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘဲ အခုဖြစ်စဉ်က နေပြည်တော် MCC II မှာကျင်းပနေတဲ့ မွန်​ပြည်​သစ်​ပါတီနဲ့ လားဟူဒီမိုကရက်​တစ်​အစည်းအရုံးတို့ ပါဝင်လက်မှတ်ထိုးမယ့် တစ်​နိုင်​ငံလုံး ပစ်​ခတ်​တိုက်​ခိုက်​မှုရပ်​စဲ​ရေး သ​ဘောတူစာချုပ်​ (NCA) လက်မှတ်ရေးထိုးပွဲ ကျင်းပချိန်နဲ့တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

Source : 7DayDaily

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *