သမီးလေးအပေါ်ထားတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာကိုထုတ်ပြခဲ့တဲ့ ခင်လှိုင်

ပရိသတ်အချစ်တော် အမျိုးသား ဟာသ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ ထိပ်တန်းနေရာမှာ ရပ်တည်နေတဲ့ ခင်လှိုင်ကတော့ သူ့ရဲ့ သမီးလေးအတွက် စိန်လက်စွပ်လေး လက်ဆောင် ဝယ်ပေးခဲ့ပါတယ်..။

သမီးလေးဖြစ်သူအတွက် စိန်လက်စွပ်လေးကိုတော့ အောင်သမာဓိရွှေဆိုင်ကနေ ပြုလုပ်ဝယ်ပေးခဲ့တာ ဖြစ်ပြီး ပျော်ရွှင်နေတဲ့ သမီးလေးရဲ့ ပုံရိပ်လေးတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာနေ မျှဝေထားတာ တွေ့ရပါတယ်..။

“ဖေ့သမီးလေးတွက်…” ဆိုပြီး သမီးလေးရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

သမီးလေးဖြစ်သူ့ရဲ့ ပျော်ရွှင်မှု အပြုံးတွေကတော့ သားသမီးတွေကို ချစ်ခြင်းမေတ္တာတွေနဲ့ ပေးဆပ်တတ်တဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ထင်ဟပ်ပေါ်လွင်စေပါတယ် ပရိသတ်ကြီးရေ..

ဇာတ်ပို့သရုပ်ဆောင် ခင်လှိုင်ကတော့ အနုပညာလောကမှာ ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်မှုတွေကြောင့်လည်း ဇာတ်ကားတိုင်းလိုလိုမှာ မပါမဖြစ် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်ဆောင်နေပြီး ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေသလို ကြည်နူးသာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

Source – ခင်လှိုင် fb

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *