ချစ်စရာကောင်းတဲ့ ဖက်ရှင်ဘုရင်မ အူဝဲရဲ့ ငယ်ဘဝပုံရိပ်များ

သူမရဲ့ ငယ်ရုပ်လေးနဲ့ လက်ရှိရုပ်ရည်က သိပ်မကွာလှတာကြောင့် ဒီနေ့ခေတ်မင်းသမီးတွေနဲ့အပြိုင် အရွယ်တင်နုပျိုနေဆဲဖြစ်ပါတယ်။

အဝတ်အစားဝတ်ဆင်တဲ့အခါ နေရာဒေသလိုက် လုံလုံခြုံခြုံလေးနဲ့ ဖက်ရှင်ကျအောင် ၀တ်ဆင်တတ်သူမို့ ဖက်ရှင်ဘုရင်မလို့ သူမကို တင်စားရတဲ့အထိပါပဲ။

ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့ အိန္ဒြာကျော်ဇင်ဟာ တစ်ချိန်က ကြော်ငြာတွေမှာလည်းမပါမဖြစ်ပါဝင်ရသလို ဇာတ်ကားပေါင်းများစွာလည်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အရွယ်တင်နုပျိုပြီး အနုပညာအရည်သွေးရှိသူမို့လည်း လက်ရှိအချိန်ထိ ပရိသတ်အခိုင်အမာရရှိထားတာဖြစ်ပါတယ်။

ဒါ့ပြင် အူဝဲဟာ ပရိသတ်တိုင်းချစ်နေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တာနဲ့အညီ လူမှုဆက်ဆံရေးနယ်ပယ်မှာရော နာမည်ပျက်မရှိခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်ပြေတီဦးအတွက် ရှေ့သွားနောက်လိုက်ညီတဲ့ ဇနီးသည်ဖြစ်သလို သားတစ်ယောက်သမီးတစ်ယောက်နဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ် မိသားစုဘဝလေးပိုင်ဆိုင်ထားတာမို့ သူမကို အားကျရနေတဲ့ပရိသတ်တွေ ရှိနေတာပါ။

လက်တလောမှာတော့ ပရိသတ်တို့ မြင်ချင်လှတဲ့ အကယ်ဒမီအူဝဲ ရဲ့ ချစ်စရာကောင်းတဲ့ ငယ်ဘဝပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ငယ်ဘဝထဲက အနုပညာပိုးပါလာတဲ့ အူဝဲကတော့ အခုချိန်ထိကို ငယ်ရုပ်လေးအတိုင်းပါပဲ။

အူဝဲကတော့ ဆယ်ကျော်သက်ဘဝတုန်းက ပုံစံလေးထက် ပိုပြီးချစ်စရာကောင်းလာပါတယ် ပရိသတ်ကြီးရေ။

ယခုနှစ်အကယ်ဒမီဆုကို ရင်ဘတ်ထဲက ဓား ရုပ်ရှင်ကားကြီးနဲ့ အောင်ပွဲခံမလားဆိုတာကိုတော့ ပရိသတ်တိုင်းမျှော်လင့်နေပါတယ်။

Photos Source : We love EaindraKyawzin

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *