ဟဲဗီးဝိတ္ခ်န္ပီယံ ခါးပတ္အတြက္ ဘရာဇီး လူမ်ိဳး ဖိုက္တာ နဲ႔ ရင္ဆိုင္ထိုးသတ္ ဖို့ ကမာၻ႔အရပ္အရွည္ဆုံး UFC ဖိုက္တာနဲ႔ တြဲဖက္ေလ့က်င့္ေနတဲ့ ေအာင္လအန္ဆန္

ဟဲဗီးဝိတ္ခ်န္ပီယံ ခါးပတ္အတြက္ ဘရာဇီး လူမ်ိဳး ဖိုက္တာ နဲ႔ ရင္ဆိုင္ထိုးသတ္ ဖို့ ကမာၻ႔အရပ္အရွည္ဆုံး UFC ဖိုက္တာနဲ႔ တြဲဖက္ေလ့က်င့္ေနတဲ့ ေအာင္လအန္ဆန္

ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔မွာ လိုက္ဝိတ္တန္း ေ႐ႊခါးပတ္ခ်န္ပီယံလုပြဲ အျဖစ္ ဘရာဇီး ဖိုက္တာနဲ႔ ရင္ဆိုင္ထိုးသတ္မွာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔မွာ လိုက္ဟဲဗီးဝိတ္ခ်န္ပီယံ ခါးပတ္အတြက္ ဘရာဇီး လူမ်ိဳး ဖိုက္တာ နဲ႔ ရင္ဆိုင္ထိုးသတ္မယ့္ ျမန္မာႏိုင္ငံဂုဏ္ေဆာင္ ေအာင္လအန္ဆန္ဟာ ေလ့က်င့္မႈေတြ ျပင္းျပင္းထန္ထန္လုပ္ေဆာင္ေနပါတယ္။

ယခုလို ေလ့က်င့္ရာမွာေတာ့ ၎အေနနဲ႔ မိသားစုနဲ႔ခြဲကာ တစ္ဦးတည္းသီးသန႔္ ေနထိုင္ၿပီး ၿပိဳင္ပြဲအေပၚ အာ႐ုံအျပည့္စိုက္ႏိုင္ေအာင္လည္း ေန ထိုင္ေလ့က်င့္ေနတယ္လို႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂၃ ရက္ေန႔က ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ မီဒီယာေတြ႕ဆုံပြဲမွာ ထုတ္ေဖာ္ေျပာထားခဲ့ပါတယ္။

လက္ရွိမွာလည္း ကမာၻေပၚက အတိုက္အခိုက္ၿပိဳင္ပြဲတစ္ခုျဖစ္တဲ့ UFC ၿပိဳင္ပြဲဝင္ဖိုက္တာမ်ားနဲ႔ အတူ ေလ့က်င့္ေနတယ္လို႔ သိရၿပီး ေလ့က်င့္မႈ ပုံရိပ္မ်ားကိုလည္း ၎ရဲ႕ တရားဝင္ ေဖ့ဘုတ္စာမ်က္ႏွာထက္မွာ ေဖာ္ျပလာခဲ့ပါတယ္။

ယင္းကဲ့သို႔ ေဖာ္ျပလာရာမွာေတာ့-” Stefan Struve နဲ.တြဲဖက္ေလ့က်င့္ရတာ အလြန္အဆင္ေျပတယ္ဗ်ာ။ သူ.လိုလူနဲ.အတူတူေလ့က်င့္ရတာ ဂုဏ္ယူမိသလို ဝမ္းသာမိပါတယ္ဗ်ာ။ ဒီပုံထဲမွာကြၽန္ေတာ္အလြန္အရပ္တဲ့ပုေနသလိုျဖစ္ေနတယ္ဗ်ာ။ Stefan ရဲ႕အရပ္က ၇ေပ ရွိတယ္ဗ်။ အရပ္အရွည္ဆုံး UFC ဖိုက္တာေပါ့ဗ်ာ။ ဒုတိယအခ်က္ကေတာ့ UFC Heavyweight ခ်န္ပီယံျဖစ္တဲ့ Stipe Miocic ကိုေလာေလာဆယ္ အႏိုင္ရထားတဲ့သူ တစ္ဦးေပါ့။ သူရဲ႕ပြဲတစ္ပြဲျဖစ္တဲ့ UFC 222 မွာ Andrei Alovski နဲ.ပြဲကိုၾကည့္ရင္ သိႏိုင္မွာပါလိမ့္မယ္ဗ်ာ။” လို႔ သူ႔ရဲ႕ ေလ့က်င့္ ေဖာ္နဲ႔ ပက္သက္ၿပီး ေရးသားေဖာ္ျပထားတာကို ေတြ႕ျမင္ရပါတယ္။

ေအာင္လအန္ဆန္အေနနဲ႔ ၂၀၁၇ ခုႏွစ္အတြင္းက ရန္ကုန္ၿမိဳ႕မွာ ထိုးသတ္ခဲ့တဲ့ မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံ ခါးပတ္စိန္ေခၚပြဲမွာ ႐ုရွားႏိုင္ငံသား ဘစ္ဒစ္ရွ္ကို အႏိုုင္ယူၿပီး မစ္ဒယ္ဝိတ္တန္း ေ႐ႊခါးပတ္ ခ်န္ပီယံ ျဖစ္လာခဲ့သလို ယခုအခါမွာလည္း လိုက္ဝိတ္တန္း ေ႐ႊခါးပတ္ခ်န္ပီယံဆု အတြက္ ဘရာဇီးႏိုင္ငံသား မာခ်ာဒိုနဲ႔ ရင္ဆိုင္ထိုးသတ္မွာ ျဖစ္ပါတယ္။

အဆိုပါပြဲကိုေတာ့ လာမယ့္ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕မွာပင္ ထပ္မံ က်င္းပသြားမယ္လို႔ One Championship (MMA) ၿပိဳင္ပြဲ က်င္းပေရးက ထုတ္ျပန္ေၾကညာထားပါတယ္။

Source- AungLa N Sang facebook

Credit:Duwun

UniCodeဖြင့်ဖတ်ရန်

ကမ္ဘာ့အရပ်အရှည်ဆုံး UFC ဖိုက်တာနဲ့ တွဲဖက်လေ့ကျင့်နေတဲ့ အောင်လအန်ဆန်

ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ လိုက်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံလုပွဲ အဖြစ် ဘရာဇီး ဖိုက်တာနဲ့ ရင်ဆိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ်အတွက် ဘရာဇီး လူမျိုး ဖိုက်တာ နဲ့ ရင်ဆိုင်ထိုးသတ်မယ့် မြန်မာနိုင်ငံဂုဏ်ဆောင် အောင်လအန်ဆန်ဟာ လေ့ကျင့်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေပါတယ်။

ယခုလို လေ့ကျင့်ရာမှာတော့ ၎င်းအနေနဲ့ မိသားစုနဲ့ခွဲကာ တစ်ဦးတည်းသီးသန့် နေထိုင်ပြီး ပြိုင်ပွဲအပေါ် အာရုံအပြည့်စိုက်နိုင်အောင်လည်း နေ ထိုင်လေ့ကျင့်နေတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ထုတ်ဖော်ပြောထားခဲ့ပါတယ်။

လက်ရှိမှာလည်း ကမ္ဘာပေါ်က အတိုက်အခိုက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC ပြိုင်ပွဲဝင်ဖိုက်တာများနဲ့ အတူ လေ့ကျင့်နေတယ်လို့ သိရပြီး လေ့ကျင့်မှု ပုံရိပ်များကိုလည်း ၎င်းရဲ့ တရားဝင် ဖေ့ဘုတ်စာမျက်နှာထက်မှာ ဖော်ပြလာခဲ့ပါတယ်။

ယင်းကဲ့သို့ ဖော်ပြလာရာမှာတော့-” Stefan Struve နဲ.တွဲဖက်လေ့ကျင့်ရတာ အလွန်အဆင်ပြေတယ်ဗျာ။ သူ.လိုလူနဲ.အတူတူလေ့ကျင့်ရတာ ဂုဏ်ယူမိသလို ဝမ်းသာမိပါတယ်ဗျာ။ ဒီပုံထဲမှာကျွန်တော်အလွန်အရပ်တဲ့ပုနေသလိုဖြစ်နေတယ်ဗျာ။ Stefan ရဲ့အရပ်က ၇ပေ ရှိတယ်ဗျ။ အရပ်အရှည်ဆုံး UFC ဖိုက်တာပေါ့ဗျာ။ ဒုတိယအချက်ကတော့ UFC Heavyweight ချန်ပီယံဖြစ်တဲ့ Stipe Miocic ကိုလောလောဆယ် အနိုင်ရထားတဲ့သူ တစ်ဦးပေါ့။ သူရဲ့ပွဲတစ်ပွဲဖြစ်တဲ့ UFC 222 မှာ Andrei Alovski နဲ.ပွဲကိုကြည့်ရင် သိနိုင်မှာပါလိမ့်မယ်ဗျာ။” လို့ သူ့ရဲ့ လေ့ကျင့် ဖော်နဲ့ ပက်သက်ပြီး ရေးသားဖော်ပြထားတာကို တွေ့မြင်ရပါတယ်။

အောင်လအန်ဆန်အနေနဲ့ ၂၀၁၇ ခုနှစ်အတွင်းက ရန်ကုန်မြို့မှာ ထိုးသတ်ခဲ့တဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ်စိန်ခေါ်ပွဲမှာ ရုရှားနိုင်ငံသား ဘစ်ဒစ်ရှ်ကို အနိုုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ် ချန်ပီယံ ဖြစ်လာခဲ့သလို ယခုအခါမှာလည်း လိုက်ဝိတ်တန်း ရွှေခါးပတ်ချန်ပီယံဆု အတွက် ဘရာဇီးနိုင်ငံသား မာချာဒိုနဲ့ ရင်ဆိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။

အဆိုပါပွဲကိုတော့ လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ရန်ကုန်မြို့မှာပင် ထပ်မံ ကျင်းပသွားမယ်လို့ One Championship (MMA) ပြိုင်ပွဲ ကျင်းပရေးက ထုတ်ပြန်ကြေညာထားပါတယ်။

Source- AungLa N Sang facebook

Credit:Duwun

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *