Police Tero အသင်းအတွက်ခြေစမ်းပွဲ (၅) ပွဲမှာ (၄)ဂိုးသွင်းယူပေးခဲ့တဲ့ အောင်သူ

Police Tero အသင်းအတွက်ခြေစမ်းပွဲ (၅) ပွဲမှာ (၄)ဂိုးသွင်းယူပေးခဲ့တဲ့ အောင်သူ

Toyota Thai League အသင်းတစ်သင်းဖြစ်တဲ့ Police Tero အသင်းမှာ ရှိနေတဲ့ အောင်သူအနေနဲ့ အသင်းရဲ့ ခြေစမ်းပွဲ (၅) ပွဲမှာ (၄) ဂိုး သွင်းယူပေးထားခဲ့တာဖြစ်ပါတယ်။

အောင်သူ့အနေနဲ့ ဇန်နဝါရီလ (၂၈) ရက်နေ့က Suwon အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ Suwon အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ K League (2) မှာ အဆင့် (၆)ရရှိထားခဲ့တဲ့အသင်းဖြစ်ပါတယ်။

ထိုင်းလိဂ်ဝမ်းအနေနဲ့လည်း လာမယ့် ဖေဖော်ဝါရီ (၂) ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပြီး ပထမဆုံးပွဲမှာ မြန်မာကစားသမားနှစ်ယောက် ထိပ်တိုက်တွေ့ဆုံရတော့မှာဖြစ်ပါတယ်။ အဲဒီပွဲကတော့ အောင်သူပါဝင်တဲ့ Police Tero အသင်းနဲ့ နန္ဒလင်းကျော်ချစ်ပါဝင်တဲ့ PT Prachuap အသင်းတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပြီး PT Prachuap ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

[email protected]

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *