အင်းလေးကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့ စိုးပြည့်သဇင်

သရုပ်ဆောင် စိုးပြည့်သဇင်တစ်ယောက်ကတော့ အင်းလေးကို ပထမဆုံးအကြိမ် ရောက်ဖူးတဲ့၊ ချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေ တင်လိုက်ပါတယ်။

ရိုးရိုးအေးအေးနဲ့ ပရိတ်သတ်အပြစ်ဆိုစရာ မရှိတဲ့ သရုပ်ဆောင်စိုးပြည့်သဇင်က ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်နေတဲ့ မြန်မာစာ တတိယနှစ် ကျောင်းသူလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီနေ့ (ဒီဇင်ဘာလ ၂၆ ရက်) မှာတော့ အင်းလေးကို သွားလည်ဖြစ်တဲ့အကြောင်းလေးတွေ သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ တင်ထားတာ ဖြစ်ပါတယ်။

“တောင်တွေကာရံထားတဲ့ အလယ်မှာ အင်းလေးရေပြင်ပြာ….ဒီနေ့ရှုတင်နားတုန်းလေး တခါမှမရောက်ဖူးသေးတဲ့ အင်းလေးသို့ အလည်တစ်ခေါက် သွားခဲ့တယ်ရှင်” လို့ ရေးသားပြီး ကြည်နူးစရာ ဓာတ်ပုံလေးတွေ တင်ထားပါတယ်။

စိုးပြည့်သဇင်တို့အဖွဲ့ ရှမ်းပြည်ဘက်ကို တပ်မတော်ဂုဏ်ပြုဇာတ်ကား တစ်ကားရိုက်ရင်း ရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့တော့ အနားယူရင်း အင်းလေးကို သွားလည်တာပါ။

စိုးပြည့်သဇင်က ၂ဝဝ၉ ခုနှစ်က “မိုးညအိပ်မက်မြူ” ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆု အကယ်ဒမီရရှိထားပါတယ်။ သူမက အငယ်ဆုံးဇာတ်ပို့ အကယ်ဒမီဆုရှင် တစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

Source : Pannpwint

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *