လွမ်းပိုင်ကို ဖျက်စီးလိုက်တယ်ဆိုတဲ့ နိုင်းဝမ်း

လွမ်းပိုင်ကို ဖျက်စီးလိုက်တယ် ဆိုတဲ့ နိုင်းဝမ်း




Source : Myanmar Load

Unicode

လွမ်းပိုင်ကို ဖျက်စီးလိုက်တဲ့ နိုင်ဝမ်း

လက်ရှိ လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစား နာမည်ကြီးနေတဲ့ လူငယ်တေးသံရှင် လွမ်းပိုင်နဲ့ နိုင်းဝမ်းကတော့ ပရိသတ်အားပေးမှုတွေနဲ့ အောင်မြင်မှုကိုယ်စီ ရရှိပိုင်ဆိုင်နေကြတဲ့ သူတွေပဲဖြစ်ပါတယ်။ လွမ်းပိုင်နဲ့နိုင်းဝမ်းဟာ ဂီတလောက မှာသာမက အပြင်လောကမှာလည်း ညီကိုတွေလို အရမ်းကို ခင်ကြတဲ့ သူတွေပဲဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်စကြနောက်ကြဆေးထိုးကြရင်းအခင်အမင်မပျက်ရှိနေကြတာပဲဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း နိုင်ဝမ်းရဲ့ လူမှုကွန်ယက်မှာ တစ်သက်လုံး အရက်မသောက် တက်တဲ့ညီလေး လွမ်းပိုင်ကို အရက်တွေ တက်လိုက်တယ် ဆိုတဲ့စာလေးရေးသားခဲ့ပါတယ်။ ပရိသတ်အချစ်တော် တွေကတော့ ပြင်ဦးလွင်ကို ရောက်ရှိနေတာဖြစ်ပြီး ရာသီဥတုက အေးအေးနဲ့ ဒီဇင်ဘာရဲ့အအေးဒဏ် ကိုကာကွယ် နေကြပုံ ပါပဲ။ လွမ်းပိုင်ရဲ့ ချစ်ပရိသတ်တွေကလည်း “အရက်မသောက်တက်တဲ့ သူတို့ရဲ့အသဲတစ်ခြမ်း ကိုမဖျက်စီး ပါနဲ့လို့” နိုင်းဝမ်းရဲ့ ပိုစ့်အောက်မှာ အပျော်သဘောလေး ရေးသားခဲ့ကြပါတယ်။

နိုင်ဝမ်းရဲ့လူမှုကွန်ယက်မှာတော့ “ညနေရှိုးဆိုပြီးကတည်းက အရမ်းအေးတာကြောင့် ကွကိုယ်ခွက်ပုံး သွားကစ် နေတာ ဂျက်ဒန်နီရယ် ၂လုံးကုန်ပြီးပြဲနေလို့ ဟိုတယ်ပြန်လာပြီးပြီ ဟိုတယ်ရောက် မှ တစ်သက်လုံး အရက် မသောက်တတ်တဲ့ ချစ်ညီလေးနဲ့တွေ့လို့ဖမ်းပြီး ကွကိုယ်ပျက်ဆီး တာအားမရလို့ သူများကိုပါဖျက်ဆီးနေတာ” ဆိုတဲ့စာလေးနဲ့အတူ ချစ်စရာပုံရိပ်လေးတွေမျှေ၀ ထားတာပဲဖြစ်ပါတယ်။ပရိသတ်အချစ်တော် (၂)ယောက်နဲ့ အတူအခြား တေးသံရှင် မောင်နှမတွေအစုံအလင်နဲ့ ပြင်ဦးလွင် ပန်းပွဲတော်ကြီးမှာ သွားရောက်ဖျော်ဖြေ နေကြတာပဲဖြစ်ပါတယ်။ဒီဇင်ဘာ (၂၅)ရက်နေ့ မနေ့မှာတော့ ပြင်ဦးလွင် ပန်းပွဲတော်ကြီးမှာ အောင်အောင် မြင်မြင်နဲ့ဖျော်ဖြေနိုင်ခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ပြီ ပဲဖြစ်ပါတယ်။

Source : Myanmarload

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *