လူတွေကို ယုံလို့မရတော့တဲ့အကြောင်း ပြောလာတဲ့ ဇေရဲထက်

သရုပ်ဆောင် ဇေရဲထက်တစ်ယောက်ကတော့ ခုခေတ်မှာ ဘယ်သူ့ကိုမှ ယုံစားလို့ မရတော့တဲ့အကြောင်း ရင်ဖွင့် ပြောလာပါတယ်

ပရိတ်သတ် အားပေးချစ်ခင်မှု ရနေတဲ့ ဇေရဲထက်တစ်ယောက် အနုပညာလောကမှာ လုံ့လဝီရိယနဲ့ ကြိုးစားနေသလို သူ့ရဲ့ ပင်ပန်းနွမ်းနယ်မှု၊ သူ့အပေါ် လူလည်ကျခံရမှုတွေကိုလည်း ဖေ့စ်ဘွက်မှာ ရင်ဖွင့်လေ့ရှိပါတယ်။

ဒီနေ့ (ဒီဇင်ဘာလ ၂၆ ရက်) မှာတော့ လူတွေကို ယုံလို့မရတော့တဲ့အကြောင်း ရင်ဖွင့်လာတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ခုလိုပဲ ရေးသားထားပါတယ်။

“ပိုက်ဆံထက် အရေးကြီးတာက စိတ်ဓါတ်နဲ့တာဝန်ယူတတ်မှုပဲ။ အခုခေတ်မှာ ဘယ်သူမှမယုံနဲ့ ဆိုတာ အခုသိလာရပြီ။ အားနာလို့ လိုက်လျောတာ အ တယ်လို့မထင်နဲ့ ဆိုတာကိုလည်း သိစေချင်တယ်။ ကိုယ်တာဝန်ယူထားတဲ့ ကိစ္စကို ကိုယ်ကိုယ်တိုင်ဖြေရှင်းသင့်တယ်”.

“အကျိုးအကြောင်းပြောသင့်တယ်။ အလုပ်လုပ်နေတာကို ဆော့နေသလိုပဲ။ ကတိတလုံးကို တန်ဖိုးမထားတတ်ဘူ။ အထင်ကိုမကြီးတော့တာ။ ဘာလုပ်လုပ်ဘာပြောပြော အထင်ကိုမကြီးတော့တာ။ ကလေးကလားအလုပ်တွေ”.

ဇေရဲထက်က ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေရပြီး သရုပ်ဆောင်အလုပ်ကိုပဲ စိတ်နှစ်ပြီး လုပ်နေတာ ဖြစ်ပါတယ်။

Source : Pannpwint

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *