ရက်စက်စွာ မီးရှို့အသတ်ခံခဲ့ရသော ကျိုင်းတုံမြို့ကအမျိုးသမီးငယ်လေးတစ်ယောက်ရဲ့ဖြစ်ရပ်

ဒီဇင်ဘာ(၂၂)ရက်နေ့က
ယခုချိန်ထိ မသိရသေးပါ။
ဆက်လက်စုံစမ်းနေဆဲပါ။

ဘယ်သူဘယ်ဝါပါလို့ မပြောနိုင်ကြပါ။
မမှတ်မိနိုင်တော့သည့် အရိုးစုပဲ မီးကြွင်းလောင်ထားသဖြင့် ပိုင်းခြားဝေခွဲ၍မရပါ။

ပစ္စည်းတစ်ခု အမှတ်မထင် သိမ်းဆည်းမှတ်တမ်းတင်နိုင်ခဲ့သည်။

သင်ခန်းစာယူကြပါ။
အဖွဲ့လိုက်လည်ကြပါ။
ညနက်ထိ မလည်သင့်ပါ။
အချိန်ကို တန်ဖိုးထားနိုင်ကြပါစေ။
ဤအကြောင်းအရာများကို
စိုင်းငယ်
၂၅.၁၂.၂၀၁၇

Unicode ဖြင့်ဖတ်ရန်

ဒီဇင်ဘာ(၂၂)ရက်နေ့က
ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့
လွိုင်မွေဖက်သွားသည့်လမ်းဘေးတစ်နေရာ
နမ့်လပ်ရေအားလျှပ်စစ်အကျော်နားတွင်
အမည်မသိ အမျိုးသမီးအလောင်း(မီးရှို့)ခံထားရသည့် အနေအထားမြင်ကွင်း ပါ။
အဘယ်ကြောင့် ဘာအတွက်ကြောင့်
(မီးရှို့)သတ်ဖြတ်သွားသည်ကို
ယခုချိန်ထိ မသိရသေးပါ။
ဆက်လက်စုံစမ်းနေဆဲပါ။
ယနေ့(၂၅)ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်ဆွေမျိုးတစ်ချိုအတည်ပြုလိုက်သည်။

စိတ်ဝင်စားနေကြသည့်ပြည်သူတွေကလည်း !မေးလာမှာပါ…ရုပ်ပျက်စွာမီးကြွင်းလောင်ထားသည့် ရုပ်အလောင်းကို …ဘယ်လိုသိကြမလဲပေါ့…သေဆုံးသူသည်
ဘယ်သူဘယ်ဝါပါလို့ မပြောနိူင်ကြပါ။
မမှတ်မိနိူင်တော့သည့် အရိုးစုပဲ မီးကြွင်းလောင်ထားသဖြင့် ပိုင်းခြားဝေခွဲ၍မရပါ။

အခင်းဖြစ်ပွားသည့်နေရာတွင်သက်သေခံ
ပစ္စည်းတစ်ခု အမှတ်မထင် သိမ်းဆည်းမှတ်တမ်းတင်နိူင်ခဲ့သည်။
ထိုလက်စွပ်ကြောင့် လူအများစိတ်ဝင်စားနေသည့် ဂယက်ကြောင့်
ယနေ့(၂၅)ရက်နေ့မှာ သေဆုံးသူဆွေမျိုးများက လွန်ခဲ့သည့် (၅)ရက်မြောက်က
အိမ်ကနေ ပျောက်နေသည့် သူရယ်
(မီးရှို့)အသတ်ခံထားသည့်အမျိုးသမီးရယ်
သက်သေခံလက်စွပ်တစ်ကွင်းကြောင့်
သေဆုံးသွားသည့် ကောင်မလေး၏အသက်မှာ(၂၀)နှစ် ဝပ်အင်း(ကတ်ဖ)ဝမ်မိုင်ရပ်ကွက်တွင်နေထိုင်သူဖြစ်သည်။
ဆွေမျိုးများ ယခု ပုံထဲက တစ်ယောက်ဖြစ်ကြောင်း အတည်ပြုကြသည်။
အဘယ်ကြောင့် (မီးရှို့)ပြီးအသတ်ခံသွားသည်ကို ယခုထိ မသိရသေးပါ။
မကြာမှီ လူသတ်တရားခံ အမြန်ဆုံးမိနိုင်မည်ဟု ဆုတောင်းပေးလိုက်ပါသည်။
သင်ခန်းစာယူကြပါ။
အမျိုးသမီးများ အချိန်နှင့်လည်ကြပါ။
အဖွဲ့လိုက်လည်ကြပါ။
ပြန်ရင်လည်းလူစုံမှ ပြန်ကြပါ။
ညနက်ထိ မလည်သင့်ပါ။
အချိန်ကို တန်ဖိုးထားနိူင်ကြပါစေ။
ဤအကြောင်းအရာများကို
စာရေးနေစဉ်အခိုက် တစ်ကယ်စိတ်မကောင်းဖြစ်မိပါတယ်။
စိုင်းငယ်
၂၅.၁၂.၂၀၁၇

Source : Hot New Myanmar

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *