“မူးပြီး ဖက်တာခံမှ အားပေးမယ်ဆိုလည်း နေပါ ငယ်ငယ်ကစိတ်နဲ့ဆို ထိုးပစ်လိုက်တယ်” ဆိုတဲ့ ပိုပို

အဆိုတော်ပိုပိုတစ်ယောက်ကတော့ ဖျော်ဖြေပွဲတွေ သွားရင်း တစ်ချို့ပရိတ်သတ်များရဲ့ အပြုအမူတွေကို စိတ်ညစ်နေပါတယ်။ မူးပြီး ဖက်တာခံမှ အားပေးမယ် ဆိုလည်း နေပါ လို့ ပြောလာပါတယ်။

နယ်အနံ့ ဖျော်ဖြေပွဲတွေ သွားနေရတဲ့ ပိုပိုက သူမရဲ့ အတွေ့အကြုံအချို့ကို ဒီနေ့ (ဒီဇင်ဘာလ ၂၅ ရက်) မှာ ဖေစ်ဘွက်စာမျက်နှာကနေ ပြောပြလာတာ ဖြစ်ပါတယ်။

“ငယ်ငယ်က စိတ်နဲ့ဆို ထိုးပစ်လိုက်တယ် ဂါးးးးးးးး မိန်းကလေး အနုပညာရှင်မို့ ကိုယ်ထိလက်ရောက် လုပ်တာကို သည်းခံရတယ်ဆိုတာ မဖြစ်သင့်ဘူး ထင်တယ် တစ်ခုခု ပြန်ပြော ပြန်လုပ်ရင် အားမပေးတော့ဘူးတဲ့ အဲ့လိုလူတွေက ရှိသေး ဒါပဲ မြန်မာပြည်”.

“သူတို့ မူးပြီး ဖက်တာ ခံမှ အားပေးမယ်ဆိုလဲ နေပါ ကိုယ့်အနုပညာကို ချစ်လို့ အားပေးတဲ့သူတွေနဲ့ ရှေ့ဆက်မယ် အခုလိုမျိုး ပြသနာဟာ အနုပညာရှင် မိန်းကလေးတိုင်း ခံရတာ ဒါကို ဝိုင်းရံ ကာကွယ်ပေးမဲ့သူတွေ မရှိတော့ဘူးလားဟင် ..plz ခဏခဏ ဆိုတော့ သည်းမခံနိုင်တော့ဘူး ပခုက္ကူမှာလဲ တစ်ခါ လူကြားထဲမှာ လုပ်သွားတာ ..(နောက်တစ်ခါတော့ ပြန် ရိုက်ပြီသာ မှတ် ပြီးမှ ရှင်းမယ်)”လို့ ရေးသားထားပါတယ်။

Photos©Po Po

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *