ဘာသာရေးနဲ့ ပတ်သက်ပြီး သမီးလေးကို လွတ်လပ်စွာရွေးချယ်ခွင့်ပြုထားတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းတစ်ယောက်ကတော့ မကြာသေးခင်ကမှ သို့….ချစ်နေတုန်းပဲ တစ်ကိုယ်တော်ခွေထွက်ရှိထားပြီး သူမတို့ အိမ်ထောင်ရေးအချို့ကိစ္စတွေကိုတော့ ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြတာပါ။ သူမတို့ အိမ်ထောင်ရေးဟာဆိုရင်လည်း ဘာသာမတူတဲ့သူနှစ်ဦးကြားထဲမှာ တည်ဆောက်ထားတဲ့အိမ်ထောင်ရေးတစ်ခုဖြစ်တာမို့ သမီးလေးရဲ့ ဘာသာတရားကိုးကွယ်မှုနဲ့ပတ်သက်ပြီးသူမက

‘အမှန်တိုင်းပြောရင် အမလည်းဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်ကြားထဲမှာကြီးလာတဲ့ အမျိုးသမီးတစ်ယောက်ပဲ အမ အမေရဲ့ဘုရားစာလည်း အမေရဲ့ဝတ်ရွတ်အသင်းမှာ အမ ဝင်ဆိုပေးတယ် အမ အဖေဘုရားကျောင်းတက်ခိုင်းရင်လည်း တက်တယ် ဒါပေမယ့် အမရဲ့တွေးခေါ်စဉ်းစားမှုနဲ့ ခံစားချက်နဲ့မူတည်ပြီးတော့ အမယုံကြည်သက်ဝင်တာ’

‘အမ ကိုးကွယ်တာ အမ အမေလည်း ဗုဒ္ဓဘာသာပဲ ဒါပေမယ့် အမ အမေတခါမှ အဲ့လိုမဆွယ်ဖူးဘူး မလုပ်ရဘူးတို့ တားမြစ်တာတွေ သူကိုယ်တိုင် ဘုရားကျောင်းကိုလိုက်ပို့ပေးတယ် ဆိုတော့ ဘာသာရေးဆိုတာ လွတ်လပ်ခွင့်ရှိရတယ် လူလူချင်းချစ်လို့ယူတာနဲ့ ဘာသာရေးနဲ့မဆိုင်ဘူး ဘာသာတိုင်းမှာ လူကောင်းရှိတယ် လူဆိုးရှိတယ် ဘာသာရေးကြောင့်လို့သတ်မှတ်လို့မရဘူး မွတ်စလင်တိုင်းလည်းဆိုးတာမဟုတ်ဘူး ကောင်းတဲ့လူတွေလည်းအများကြီး ရှိတယ်’

‘ဒါပေမယ့် အယူသီးခြင်း မသီးခြင်းပေါ်ကွာပြီးတော့ပဲ ဘာသာရေးကိုခေါင်းစဉ်တပ်ကြတာလေ အမတို့ခရစ်ယာန်မှာလည်း မကောင်းတဲ့သူတွေရှိတာပဲ ဒါပေမယ့် အဲ့ဒီလို ဘာသာတစ်ခုကိုအစွဲထားပြီးပြောလို့မရဘူးပေါ့နော် အဲ့တော့ အမသမီးကိုအမ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးတယ် သူ့ကျောင်းမှာလည်း သူဘုရားရှိခိုးရတယ် အမလည်းတခါတလေကျရင် ဘုရားကျောင်းခေါ်သွားတယ် ဆိုတော့သူ့လွတ်လပ်ပိုင်နဲ့သူ့စဉ်းစားဥာဏ်နဲ့ ရွေးပါစေ အမ အဲ့လိုမျိုး နင်ဟိုဟာဖြစ်ရမယ် ဒီဟာဖြစ်ရမယ် မရှိဘူး ဒါပေမယ့် သွန်သင်ပိုင်ခွင့်တော့ရှိရမယ် ဗုဒ္ဓဘာသာရော ခရစ်ယာန်ရော သွန်သင်ပိုင်ခွင့်တော့ရှိရမယ် သူကြိုက်တာလက်ခံပါစေ အဲ့ဒီအခွင့်အရေးတော့ သူ့ကိုပေးရမှာပေါ့ ‘ လို့ Sunday Journal ရဲ့အင်တာဗျူးမှာဖြေကြားထားခဲ့တာဖြစ်ပါတယ်။

Photos-Chan Mya Nyein Facebook
Source : welovecele

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *