


တယ်။





Unicode ဖြင့်ဖတ်ရန်
ပရိတ်သတ် သိချင်နေတဲ့ မိသားစုဘဝလေးကို ဖန်တီးဖို့ မဝေးတော့ပါဘူး ဆိုတဲ့နေတိုး

အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းမင်းသားတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော် မင်းသားတစ်လက်လည်းဖြစ်သူကတော့ အကယ်ဒမီ နေတိုး ဖြစ်ပါတယ်။

အနုပညာသားတွေ မြတ်နိုးတန်ဖိုးထားတဲ့ အကယ်ဒမီ
ရွှေစင်ရုပ်တု နှစ်ခုပိုင်ဆိုင်ထားတဲ့ နေတိုးရဲ့ အချစ်ရေးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်ပါ
တယ်။
နာမည်ကြီးမင်းသမီးတစ်လက်နဲ့ ကောလဟာလတေ
ွထွက်ခဲ့ပေမဲ့ အနုပညာမောင်နှမသတ်သတ်သာဖြစ်
ကြောင်း နှစ်ဖက်လုံးကပြန်လည်ဖြေရှင်းခဲ့ကြပါတယ်။

လက်ရှိမှာတော့ နေတိုးဟာ အနုပညာလောကရဲ့
လူပျိုကြီးစာရင်းဝင်နေသူတစ်ဦးဖြစ်ပြီး အချစ်ရေးနဲ့
ပတ်သတ်ပြီး တည်ငြိမ်နေသူလည်းဖြစ်ပါတယ်။

ပရိသတ်တွေဟာ နေတိုးရဲ့ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိမရှိနဲ့ပတ်သတ်ပြီး သိချင်နေကြသလို နေတိုးကလည်း ဒီမေးခွန်းနဲ့ပတ်သတ်ပြီး ယခုလိုပြန်လည်ဖြေဆိုထားတာ တွေ့ရပါတယ်။
နေတိုးဟာ ၂၀၁၈ မှာလည်း တစ်ယောက်တည်းဖြစ်နေပါဦးမယ်လို့ ဖြေဆိုခဲ့ပေမယ့် ပရိသတ်တွေ မေးနေကြတဲ့ မိသားစုဘဝလေး ထူထောင်ဖို့ အစီအစဉ်ရှိမရှိကိုတော့ မကြာခင်ထုတ်ဖော်ပြောပြသွားတော့မှာ ဖြစ်ပါတယ်ဆို
ပြီး 8days journal မှာ ဖြေဆိုထားတာ တွေ့ရပါတယ်။

မကြာခင်က ရုံတင်ခဲ့တဲ့ နေတိုးပါဝင်ရိုက်ကူးခဲ့တဲ့ “ထာဝရ အမေ” ဇာတ်ကားဟာ ပရိသတ်တွေကြား အတော်လေးအောင်မြင်ခဲ့ပြီး ယခုနှစ်အကယ်ဒမီ ဆန်ကာတင်စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ် ပရိသတ်ကြီးရေ

Credit : 8day journal & myanmarload

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *