ချစ်သူသက်တမ်း (၈)နှစ်ပြည့်ကို Surprise လုပ်ရင်း ဖြတ်သန်းခဲ့တဲ့ နေဝင်းတို့စုံတွဲ

Relationship တစ်ခုကို နှစ်တွေအကြာကြီးတည်ဆောက်ဖို့ဆိုတာ ထင်သလောက်မလွယ်ကူတဲ့အရာပါ။

အနုပညာရှင်တွေဆိုရင် ချစ်သူရည်စားထား အိမ်ထောင်ပြုတဲ့အခါ နားလည်ပေးနိုင်တဲ့ချစ်သူမျိုးက ရှားတဲ့အတွက် တော်တော်များများက အချိန်ခဏလေးတွဲပြီး ချစ်လိုက် ပြတ်သွားလိုက်ဖြစ်ကြမှာပါ။

ဒါပေမယ့် နှစ်တွေအကြာကြီးတွဲပြီး သစ္စာရှိရှိနဲ့ လက်တွဲမြဲနေတဲ့ ဆယ်လီ စုံတွဲလေးထဲမှာ အဆိုတော် နေဝင်း တို့ စုံတွဲလည်း ပါဝင်နေပါတယ်။

Snare အဖွဲ့ဝင် ရက်ပါ အဆိုတော် နေဝင်းဟာ OMG ဆိုတဲ့ ဖက်ရှင်ဆိုင်လေးကို ဖွင့်ထားသလို သူ့ရဲ့ ချစ်သူ့ကောင်မလေးကလည်း Travel Blogger တစ်ဦးဖြစ်ပါတယ်။

ဒီနှစ်မှာတော့အဆိုတော် နေဝင်းက ဘားအံရောက်နေတာမို့ ချစ်သူကောင်မလေးက သူရှိရာ ဘားအံကို Surprise လုပ်ရင်း (၈)နှစ်ပြည့်ကိတ်မုန့်လေးနဲ့အတူ အမှတ်တရပုံလေးတွေတင်ထားတာဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ စုံတွဲလေးကတော့ အင်္ကျီစင်တူလေးဝတ်ပြီး သူတို့နှစ်ဦးရဲ့ အပျော်တွေကို ဖေ့ဘုတ်ကနေ မျှဝေထားပါတယ်။

အမိုက်စားရက်ပ် စာသားသီချင်းတွေနဲ့အတူ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ နေဝင်း ဟာ သူ့ရဲ့ချစ်သူကောင်မလေးအပေါ်မှာလည်း တော်တော်လေးသစ္စာရှိပုံရပါတယ်။

သူ့ရဲ့ချစ်သူကောင်မလေးဟာ ခရီးသွားအတွေ့အကြုံတွေကို လူမှုကွန်ရက်ကနေ တစ်ဆင့် မျှဝေပေးနေတာဖြစ်လို့ သူမကို မသိတဲ့သူမရှိသလောက်ပါပဲ။

အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ပေမယ့်လည်း ချစ်သူအပေါ် သစ္စာရှိရှိချစ်တဲ့ နေဝင်း တို့ရဲ့ Anniversary လေးအတွက် ပရိသတ်ကြီး စကားလက်ဆောင်ပါးလိုက်နော်။

Source: myanmarload.com

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *