ခရစ်စမတ်ပွဲကိုဘန်ကောက်မှာ သွားပြီး ပျော်ခဲ့ကြပါတဲ့အိန္ဒြာကျော်ဇင်တို့ သားမိသုံးယောက်

သရုပ်ဆောင် အိန္ဒြာကျော်ဇင်တို့ သားအမိ သုံးယောက်ကတော့ မနေ့ (ဒီဇင်ဘာ ၂၅ ရက်) ခရစ်စမတ်ပွဲကွဲ ဘန်ကောက်မှာ သွားပြီး ပျော်ခဲ့ကြပါတယ်။

ခင်ပွန်းဖြစ်သူ ပြေတီဦးက အတူတူလိုက်မလာပဲ ပြင်ဦးလွင်မှာ ကားရိုက်နေရတာဖြစ်ပြီး သူမနဲ့ ပြေသုန္ဒြာ၊ ပြေဓီရတို့သုံးယောက် သွားလည်ကြတာပဲ ဖြစ်ပါတယ်။

အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်နှစ်ယောက်စုံတွဲဖြစ်ပြီး သားနှင့် သမီးနှစ်ယောက်နဲ့အတူ ပျော်စရာတကယ်ကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်။

နိုင်ငံဝေးဝေး ခရီးတွေတော့ သိပ်မထွက်ကြပေမယ့် အာဆီယံနိုင်ငံတွေကိုတော့ အားလပ်ရက်တွေမှာ နှစ်လ၊သုံးလ တစ်ခါလောက် သားသမီးတွေနဲ့အတူ ထွက်ဖြစ်ကြပါတယ်။

Photos©Eindra Kyaw Zin

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *