2017 ဟာဘဝမွာႀကီးမားတဲ့ အလွည့္အေျပာင္းျဖစ္ခဲ့တဲ့ႏွစ္ လို႔ဆိုလိုက္တဲ့ သားငယ္

ကံေကာင္းမႈေတြေရာက္လာတဲ့ႏွစ္ပါ။

Myanmar idol Season 2 ၿပိဳင္ပြဲကေန ပရိသတ္ေတြရဲ႕ အခ်စ္ကို ရရွိပိုင္ဆိုင္ႏိုင္ခဲ့တဲ့ အဆိုေတာ္သားငယ္ကေတာ့ ၂၀၁၇ ခုႏွစ္ဟာသူ႔အတြက္ ႀကီးမားတဲ့အလွည့္အေျပာင္းေတြျဖစ္ခဲ့တယ္လို႔ Duwun Media ကေနေျပာျပခဲ့ပါတယ္။

p

” ၂၀၁၇ က အခုထိေတာ့ အေကာင္းဆုံးႏွစ္ေပါ့ေလ။ ေနာက္ႏွစ္ေတြေတာ့ ဘာေတြျဖစ္လာမလဲမသိဘူး။ ၂၀၁၇ က ကြၽန္ေတာ့္ဘဝကို ေျပာင္းလဲ ေစတာပဲကြၽန္ေတာ္အခုလိုမ်ိဳး သီခ်င္းဆိုႏိုင္တဲ့သူတစ္ေယာက္ျဖစ္လာတယ္၊ ကြၽန္ေတာ့္ဘဝမွာေတာ့ ႀကီးမားတဲ့အလွည့္အေျပာင္း၊ ႀကီးမားတဲ့ ကံေကာင္းမႈေတြေရာက္လာတဲ့ႏွစ္ေပါ့။ ၂၀၁၈ မွာလည္း ဒီလိုပဲျဖစ္ပါေစ ကံပါလာရင္ေတာ့ ရမွာေပါ့” လို႔ ဆိုပါတယ္။

ေကာင္းတဲ့ႏွစ္ေတြရွိေပမယ့္ ဆိုးခဲ့တဲ့အခ်ိန္ေတြအေပၚမွာလည္း အေကာင္းျမင္စိတ္နဲ႔ျဖတ္သန္းခဲ့ပုံေတြကို ေျပာျပခဲ့ပါေသးတယ္။

” ဆိုးခဲ့တဲ့ႏွစ္ေတြလည္း အမ်ားႀကီးပါ။ ေကာင္းေတာ့မွ သာ ကြၽန္ေတာ္ သိပ္သတိမရေတာ့တာ ေမ့ထားခဲ့လိုက္ေတာ့တယ္။ ဆိုးခဲ့ပါတယ္။ အမ်ားႀကီး ဆိုးခဲ့တယ္ ေနာက္လည္း ဆိုးရင္လည္း ဆိုးဦးမွာေပါ့ ကံၾကမၼာေလ ေကာင္းတယ္ဆိုရင္လည္း တစ္သက္လုံးလည္းေကာင္းမေနဘူး၊ တစ္သက္လုံးလည္း ဆိုးမေနဘူး။ဆိုးခဲ့တာေတြကို ေကာင္းေအာင္ျပန္ျပင္ ေနာက္ထပ္ ကိုယ္မသိေသးတဲ့ အဆိုးအသစ္ေတြကိုလည္း ဆိုးၿပီးရင္ေတာ့ ေကာင္းသြားမွာေပါ့၊ အဲ့ဒီလိုပဲျမင္တယ္” လို႔ သားငယ္က ေျပာပါတယ္။

အဆိုေတာ္သားငယ္ကိုေတာ့ Myanmar idol Season 2 ကေန ပရိသတ္အားေပးမႈအမ်ားႀကီးရရွိခဲ့ၿပီး Season 2 ရဲ႕ Winner တစ္ေယာက္ ျဖစ္ခဲ့ပါ တယ္။ သူ႔အေနနဲ႔ ၿပိဳင္ပြဲၿပီးကတည္းက ေဖ်ာ္ေျဖေရးပြဲေတြလည္း သီဆိုေနရသလို ကိုယ္ပိုင္စီးပြားေရးျဖစ္တဲ့ အေၾကာ္ေရာင္းတာကို လည္း ဆက္လက္လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

Photo: သားငယ္ေဖ့စ္ဘုတ္
Credit:Duwun

Unicodeဖြင့်ဖတ်ရန်

ဘဝမှာကြီးမားတဲ့ အလှည့်အပြောင်းဖြစ်ခဲ့တဲ့နှစ် လို့ဆိုလိုက်တဲ့ သားငယ်

ကံကောင်းမှုတွေရောက်လာတဲ့နှစ်ပါ။

Myanmar idol Season 2 ပြိုင်ပွဲကနေ ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်နိုင်ခဲ့တဲ့ အဆိုတော်သားငယ်ကတော့ ၂၀၁၇ ခုနှစ်ဟာသူ့အတွက် ကြီးမားတဲ့အလှည့်အပြောင်းတွေဖြစ်ခဲ့တယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။

” ၂၀၁၇ က အခုထိတော့ အကောင်းဆုံးနှစ်ပေါ့လေ။ နောက်နှစ်တွေတော့ ဘာတွေဖြစ်လာမလဲမသိဘူး။ ၂၀၁၇ က ကျွန်တော့်ဘဝကို ပြောင်းလဲ စေတာပဲကျွန်တော်အခုလိုမျိုး သီချင်းဆိုနိုင်တဲ့သူတစ်ယောက်ဖြစ်လာတယ်၊ ကျွန်တော့်ဘဝမှာတော့ ကြီးမားတဲ့အလှည့်အပြောင်း၊ ကြီးမားတဲ့ ကံကောင်းမှုတွေရောက်လာတဲ့နှစ်ပေါ့။ ၂၀၁၈ မှာလည်း ဒီလိုပဲဖြစ်ပါစေ ကံပါလာရင်တော့ ရမှာပေါ့” လို့ ဆိုပါတယ်။

ကောင်းတဲ့နှစ်တွေရှိပေမယ့် ဆိုးခဲ့တဲ့အချိန်တွေအပေါ်မှာလည်း အကောင်းမြင်စိတ်နဲ့ဖြတ်သန်းခဲ့ပုံတွေကို ပြောပြခဲ့ပါသေးတယ်။

” ဆိုးခဲ့တဲ့နှစ်တွေလည်း အများကြီးပါ။ ကောင်းတော့မှ သာ ကျွန်တော် သိပ်သတိမရတော့တာ မေ့ထားခဲ့လိုက်တော့တယ်။ ဆိုးခဲ့ပါတယ်။ အများကြီး ဆိုးခဲ့တယ် နောက်လည်း ဆိုးရင်လည်း ဆိုးဦးမှာပေါ့ ကံကြမ္မာလေ ကောင်းတယ်ဆိုရင်လည်း တစ်သက်လုံးလည်းကောင်းမနေဘူး၊ တစ်သက်လုံးလည်း ဆိုးမနေဘူး။ဆိုးခဲ့တာတွေကို ကောင်းအောင်ပြန်ပြင် နောက်ထပ် ကိုယ်မသိသေးတဲ့ အဆိုးအသစ်တွေကိုလည်း ဆိုးပြီးရင်တော့ ကောင်းသွားမှာပေါ့၊ အဲ့ဒီလိုပဲမြင်တယ်” လို့ သားငယ်က ပြောပါတယ်။

အဆိုတော်သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့ပြီး Season 2 ရဲ့ Winner တစ်ယောက် ဖြစ်ခဲ့ပါ တယ်။ သူ့အနေနဲ့ ပြိုင်ပွဲပြီးကတည်းက ဖျော်ဖြေရေးပွဲတွေလည်း သီဆိုနေရသလို ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့ အကြော်ရောင်းတာကို လည်း ဆက်လက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

Photo: သားငယ်ဖေ့စ်ဘုတ်

Credit:Duwun

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *