အပျိုကြီးဇာတာပါသူများရဲ့ လက္ခဏာ (၅) ခု

အပျိုကြီးဖြစ်မယ့်သူတွေဟာ လူမှန်းသူမှန်းသိတတ်တဲ့ အရွယ်ကစလို့ သူများနဲ့မတူပဲ သိသိသာသာ ထူးခြားနေတတ်တဲ့သူတွေပါ။ ဒီအချက်တော်တော်များများနဲ့တိုက်ဆိုင်တဲ့သူတွေဟာ ၁၀၀% မဟုတ်ရင်တောင် ၉၀% ကတော့ အပျိုကြီးဇာတာ ပါတဲ့သူတွေပါ။ သင်နဲ့ကိုက်ညီနေလားကြည့်လိုက်ပါဦးနော်။

(၁) ကပ်သီးကပ်သပ်ပြောတတ်တယ်

အပျိုကြီးဇာတာပါတဲ့သူတွေဟာ စကားလုံးဝ အမှားမခံကြပါဘူး။ သူတို့နည်းနည်း ကသိကအောက်ဖြစ်သွားပြီဆိုရင် မကျေနပ်မချင်း စကားကို ကပ်သီးကပ်သပ်ပြောတတ်ကြသူတွေပါ။ တစ်ခါတလေ စကားပြောတာက ကပ်သီးကပ်သပ်နိုင်လွန်းအားကြီးလို့ တစ်ဖက်သားကတောင် စိတ်ညစ်သွားရတဲ့ အထိပါပဲ။ တစ်ခါတလေ စကားကို ဒီလိုကပ်ကပ်သပ်သပ်ပြောတတ်လွန်းလို့ သူတို့ကိုမကြည်တဲ့သူ တော်တော်များပါတယ်။

(၂) ကိုယ်ကစပြီးမပြောဘူး

ဒီလိုမိန်းကလေးတွေဟာ ယောက်ျားတစ်ယောက်ကို သူတို့ဖက်က ဘယ်တော့မှ မိတ်ဆွေစဖွဲ့လေ့ မရှိသလို၊ ယောက်ျားတစ်ယောက်ကိုလည်း ကိုယ့်ဖက်ကစပြီး စကားလုံးဝ စပြီး မပြောတတ်ကြပါဘူး။ သူချေရင် ကိုယ်လည်း ချေမယ်ဆိုပြီး မျက်နှာထား တည်တည်ကြီးနဲ့ နေတတ်ကြတဲ့သူတွေပါ။ ဒါကြောင့်မို့လည်း သူတို့မှာ ငယ်ပေါင်းသူငယ်ချင်း ယောက်ျားလေးအနည်းငယ်က လွဲရင် ယောကျာ်းလေးသူငယ်ချင်း သိပ်မရှိကြပါဘူး။

(၃) မဟုတ်မခံ

ဒီလိုမိန်းကလေးတွေဟာ မဟုတ်မခံပါ။ သူတို့ကိုမဟုတ်တာ လာပြောရင်၊ လာလုပ်ရင် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်တတ်ကြသူတွေပါ။ လုံးဝသေးသေး အတင်မခံပါဘူး။ ဒါကြောင့်ပဲ တစ်ခါတလေ အသေးအမွှားကအစ သူတို့က လိုက်ဖြေရှင်းတတ်ပြီး ဆတ်ဆတ်ထိမခံတတ်ကြလွန်းလို့ သူတို့ကို အမြင်ကပ်နေတဲ့သူတွေ အများကြီးရှိနေတတ်ပါတယ်။ ဒါပေမယ့်လည်း မဟုတ်မခံစိတ်က မွေးရာပါဆိုတော့ သူတို့အတွက်က သူများတွေ အမြင်ကပ်လည်း အေးဆေးပါပဲ။

(၄) ပြတ်သားတယ်

အပျိုကြီးဇာတာပါတဲ့ ကောင်မလေးတွေဟာ အရမ်းပြတ်သားကြပါတယ်။ သူတို့ကို ကောင်လေးတွေ ရည်းစားစကားလာပြောတဲ့အခါ ပိုလို့တောင် ပြတ်သားကြပါတယ်။ သူတို့မကြိုက်နိုင်တဲ့ ကောင်လေးတစ်ယောက်ယောက်က ရည်းစားစကားလာပြောတဲ့အခါတွေမှာ ဒဲ့ပဲ ငြင်းတတ်ပါတယ်။ သူတို့ကောင်းကောင်းမွန်မွန် ငြင်းနေတုန်း အတင်းလာတွယ်ကပ်ရင် အပြတ်ကိုပြောတတ်ကြပါသေးတယ်။ အားမနာတမ်းကို ပြောတတ်တာပါ။

(၅) ပွင့်လင်းတယ်

သူတို့ဟာ အရမ်းကို ပွင့်လင်းတဲ့ သူတွေပါ။ ပွင့်လင်းလွန်းလို့ တစ်ခါတလေ ရိုင်းတယ်၊ အိနြေ္ဒမရှိဘူးလို့ အထင်ခံရတတ်ပါတယ်။ ဒါပေမယ့်သူတို့ဟာ လူတွေ ဘယ်လိုထင်ထင် ဂရုမစိုက်တတ်ကြပါဘူး။ အကြောင်းကတော့ သူတို့မွေးရာပါကိုက လွတ်လွတ်လပ်လပ်နေထိုင်ပြီး ပွင့်ပွင့်လင်းလင်းနေရတာကို ကြိုက်တတ်ကြလို့ပါ။ ဒါကြောင့် ဒီလိုကောင်မလေးတွေဟာ အပျိုကြီးဖြစ်ဖို့ ဖြစ်နိုင်ခြေအများဆုံးရှိသူတွေ ဖြစ်ပါတယ်။

Credit-Em Em(Auntymay)

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *