အချစ်မှာ ဝတာ..ပိန်တာတွေ မရှိဘူးလို့ သက်သေပြသွားတဲ့ စုံတွဲတစ်တွဲ

သမ္မတတောင်တက်ရောက်ခဲ့တဲ့ သူတို့ရဲ့မင်္ဂလာပွဲဟာ အလွန်ခမ်းနားခဲ့ပါတယ်တဲ့

ကိုရီယားတွေရဲ့ယဉ်ကျေးမှုထုံးစံကို တဖြည်းဖြည်းနဲ့ကမ္ဘာကသိလာကြပါပြီ။ဘာကြောင့်ဆို သူတို့ရဲ့တီဗီ ရှိုး၊ဒရမ်မာနဲ့ Kpopတွေရဲ့ နာမည်ကြီးအောင်မြင်လာမှုကြောင့်ပါပဲ။ကိုရီယားမင်းသားတွေ အလွန်ချောလာတာနဲ့အမျှ မိန်းကလေးတွေလည်း ထိုကဲ့သို့ ကောင်လေးချောချောလေးတွေနဲ့ တွေ့ဆုံချင်လာကြတယ်။

အဲ့ဒီအချိန်မှာ ချောမောတဲ့ Graphic Designer Jun နဲ့တွေ့ဆုံပြီး မကြာမီမှာပဲချစ်ကြိုက်သွားခဲ့တယ်။

၂၉နှစ် Vera Nanda Putri ဟာ အခြားမိန်းကလေးတွေနဲ့ ကွဲပြားမှုမရှိခဲ့ပါဘူး။သူမလည်း ကိုရီယားရှိုးတစ်ခုဖြစ်တဲ့ Running Man အစီစဉ်ကို ကြိုက်နှစ်သက်သူ တစ်ယောက်ပါ။အဲ့ဒါနဲ့ ကိုရီးယားမှာ သူတို့ရဲ့ဘာသာစကားနဲ့ ယဉ်ကျေးမှုကို သင်ယူဖို့ သွားခဲ့တယ်။

Veraက သူတို့နှစ်ယောက်ဓာတ်ပုံကို လူမှုကွန်ရက်မှာတင်လိုက်တော့ သူမလှောင်ပြောင် သရော်ခံရပါတယ်။ အတော်များများက Junနဲ့ သူမမထိုက်တန်ဘူး..သူတို့အတွဲ မကြာခင်အဆုံးသတ်သွားမှာပါလို့ ဝိုင်းပြောကြတယ်။

ဒါပေမယ့် Junဟာ ကောင်မလေးကိုလက်ထပ်ခွင့်တောင်းပြီး သူမရဲ့မိဘတွေနဲ့ နှစ်ဦးသဘောတူ လက်ထပ်လိုက်တာကြောင့် အားလုံးအံ့သြသွားခဲ့ရတယ်။

Junရဲ့အသွင်ပြင်ကို သူမသဘောကျခဲ့တာဆိုပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့စိတ်တွေဟာ နီးစပ်မှုရှိခဲ့တယ်။

Vera က သူမမိသားစုရှိတဲ့ ဂျာကာတာကို Junအားခေါ်ဆောင်လာခဲ့ပြီး ထိုနေရာမှာပဲ သူမ လက်ထပ်ခွင့်တောင်းခံခဲ့ရတယ်။သူတို့နှစ်ယောက်ရဲ့ စေ့စပ်ပွဲကိုအင်ဒိုနီးရှားဓလေ့တိုင်း ကျင်းပခဲ့ပါတယ်။

သူမရဲ့အင်ဒိုနီးရှားဝတ်စုံနဲ့ ကောင်လေးရဲ့ကိုရီးယားဝတ်စုံဆင်မြန်းပြီး မင်္ဂလာဆောင်ခဲ့ပုံကို လူမှုကွန်ရက်မှာ သူမထပ်မံတင်ခဲ့ပါတယ်။သမ္မတ Susilo Bambang Yudhoyono နဲ့ ဇနီး Ani Yudhoyono တို့တောင် တက်ရောက်တဲ့ သူတို့ရဲ့မင်္ဂလာပွဲဟာ အလွန်ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ခုဖြစ်သွားခဲ့ပါတယ်။

Credit – buzzy.com.mm

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *