လမ်းမှာသူ့ကို ဘယ်သူမှ မမှတ်မိလို့ အံ့အားသင့်ခဲ့ရတဲ့ လီဗြောင်ဟွန်း

ကမ္ဘာကျော် ဟောလီးဝုဒ်တန်းဝင် ကိုရီးယားမင်းသား လီဗြောင်ဟွန်းကို လမ်းပေါ်ကလူတွေက တစ်ယောက်မှမမှတ်မိလို့ လီဗြောင်ဟွန်းတစ်ယောက် အံ့အားသင့်ခဲ့ရပါတယ်

မင်းသား လီဗြောင်ဟွန်းဟာ ဒီဇင်ဘာ ၂၂ ရက်က ‘Entertainment Relay’ အစီအစဉ်မှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ ‘It’s Only My World’ ရုပ်ရှင်အတွက် ပရိုမိုးရှင်းပြုလုပ်ခဲ့ပါတယ်။ လမ်းပေါ်မှာ သူကိုယ်တိုင် ရုပ်ရှင်လက်ကမ်းစာရွက်တွေကို ဝေခဲ့တာဖြစ်ပါတယ်။

ဒါကို Hidden Camera နဲ့ ရိုက်ယူထားပါတယ်။ လီဗြောင်ဟွန်းက ခေါင်းကို ငုံ့ပြီး စာရွက်တွေကို ခပ်မြန်မြန်ဝေပါတယ်။ အံ့သြစရာကောင်းတာက လူတော်တော်များများက သူ့ကို မမှတ်မိကြဘဲ ဒီတိုင်းဖြတ်သွားခဲ့ကြပါတယ်။

ဒီလိုမျိုးမမှတ်မိကြတဲ့အတွက် စိတ်ပျက်မိသေးလားလို့ မေးတဲ့အမေးကိုတော့ လီဗြောင်ဟွန်းက ချက်ခြင်းမဖြေဘဲ ခေတ္တစဉ်းစားပြီးမှ “အဲဒါကို ရိုက်ကူးရေးလည်း လုပ်နေတယ်။ ကျွန်တော်က လက်ကမ်းစာစောင်ဝေနေတာမို့ သူတို့ကို မျက်လုံးချင်း ဆုံကြည့်တာ မဟုတ်လို့ပါ” လို့ ဖြေခဲ့ပါတယ်။

‘It’s Only My World’ ရုပ်ရှင်ဇာတ်ကားဟာ လက်ဝှေ့သမားအစ်ကိုနဲ့ မသန်စွမ်း စန္ဒရားပညာရှင် ညီငယ်တို့အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ဇန်န၀ါရီ ၁၇ ရက်မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

MSN (momolay)
Ref : allkpop

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *