ပရိတ်သတ်တွေကို ခရစ်စမတ် ဆုတောင်းပေးလိုက်တဲ့ အောင်လအန်ဆန်တို့ မိသားစု

မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား အောင်လအန်ဆန်တို့မိသားစုက ဒီနေ့ မြန်မာပြည်ကပရိတ်သတ်တွေအတွက် မယ်ရီခရစ်စမတ် ဆုတောင်းပေးလိုက်ပါတယ်။

အမ်အမ်အေ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ အောင်လအန်ဆန်က ကချင်တိုင်းရင်းသားဖြစ်ပြီး အမေရိကန်မှာ အိမ်ထောင်ကျကာ သားလေးတစ်ယောက် ရရှိထားပါတယ်။

ဒီနေ့ (ဒီဇင်ဘာလ ၂၅ ရက်) ခရစ်စမတ်နေ့မှာတော့ သူ့အိမ်ကနေ ပရိတ်သတ်တွေအတွက် ဖေ့စ်ဘွက်လူမှုကွန်ယက်ကတစ်ဆင့် ခရစ်စမတ်ဆုတောင်းပေးလိုက်ကြတာ ဖြစ်ပါတယ်။

“အားလုံးအတွက် အလွန်ပျော်စရာကောင်းတဲ့ ခရစ်စမတ်ဖြစ်ပါစေ၊ မိသားစုတွေ ငြိမ်းချမ်းပါစေ၊ မင်္ဂလာရှိပါစေလို့ ကျွန်တော်တို့မိသားစုက ဆုတောင်းပေးပါတယ်။ ဒီနှစ်ကတော့ အလွန်မင်္ဂလာရှိခဲ့ပါတယ်။ ချစ်ခင် အားပေးသူများကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ နောက်ပွဲအတွက် မပြင်ဆင်ခင် ကျွန်တော့်မိသားစုအတွက် အချိန်ရက်သတ္တပတ်တွေ ပေးသွားပါမယ်။
ကျွန်တော့်ရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းတွေ တစ်လျှောက် အတူရှိပေးခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးအများကြီး တင်ချင်ပါတယ်” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

အောင်လအန်ဆန်က ချန်ပီယံဖြစ်ပြီးနောက် အလိန်းဂါလာနီကို ထိုးသတ်အနိုင်ယူထားပါတယ်။ နောက်ပွဲတွေလည်း မချိန်အများကြီး မခြားပဲ ထိုးသတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

Photos©Aung La Nsang

from pannpwint

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *