“ခရစ်စမတ်တွေ၊ ဟက်ပီးနယူးရီးယားတွေ ရန်ကုန်ရောက်မှ သိတာ” ဆိုတဲ့ ဖြူဖြူထွေး

ဖေ့စ်ဘွက်လူမှုကွန်ယက်မှာ လူသိများနေတဲ့ ကျောင်းသူလေး ဖြူဖြူထွေးကတော့ ခရစ်စမတ်၊ ဟက်ပီးနယူးရီးယား ဆိုတာတွေကို ရန်ကုန်ရောက်မှ သိတာပါလို့ ဆိုလာပါတယ်။

အညာဒေသကနေ ရန်ကုန်မှာ ကျောင်းတက်ရင်း လူသိများအောင်မြင်လာတဲ့ ဖြူဖြူထွေးက ခုဆိုရင် နာမည်ကျော် ဂျာနယ်တွေရဲ့ အင်တာဗျူးတွေ နေစဉ်ဖြေနေရပြီဖြစ်ပါတယ်။

ဒီနေ့ (ဒီဇင်ဘာလ ၂၄ ရက်) ပေါ်ပြူလာဂျာနယ်ရဲ့ အင်တာဗျူးမှာတော့ နှစ်သစ်ဆုတောင်း အကြောင်းကိုပြောရာမှာ နယ်မှာ ခရစ်မတ်တွေ မသိတဲ့အကြောင်း၊ ရန်ကုန်ရောက်မှ သိတာပါလို့ ထည့်ပြောသွားတာ ဖြစ်ပါတယ်။

“ဟက်ပီးနယူးရီးယားကိုလား ဂျွန်းထိုးပြီး ဖြတ်သန်းရမှာပေါ့နော်၊ ဟက်ပီးနယူးရီးယားဆိုတာ ရန်ကုန်ရောက်မှ သိတာပါ၊ နယ်ဘက်မှာဆိုရင် ဟက်ပီးနယူးရီးယားလည်း မသိဘူး။ ပြီးတော့ ခရစ်စမတ်ဆိုတာလည်း ဘာမှန်းကို မသိဘူး” လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။

Photos©Phyu Phyu Htwe

PannPwint

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *