၃၁ နှစ်ပြည့် မွေးနေ့ကျရောက်လာတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း

ခံစားချက်ပါပါနဲ့ သီချင်းတွေဆိုတတ်တဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းတစ်ယောက်ကတော့ ခုဆိုရင် အသက် ၃၁ နှစ်ပြည့် မွေးနေ့ ကျရောက်လာပြီပဲ ဖြစ်ပါတယ်။

ဒီနေ့ (ဒီဇင်ဘာလ ၂၄ ရက်) မှာ ကျရောက်လာတာဖြစ်ပြီး မွေးနေ့တစ်ကိုယ်တော် ရှိုးပွဲကိုလည်း အကြီးအကျယ် ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

အခွေထွက်တိုင်းပေါက်ပြီး ပရိသတ်ရင်ထဲ ရောက်တဲ့ သီချင်းများစွာကို ဖန်တီးထားတဲ့ ဝိုင်းစုခိုင်သိန်းတစ်ယောက် အတော်အသင့် ရင့်ကျက်တဲ့ အရွယ်ကိုလည်း ရောက်လာပြီဖြစ်ပါတယ်။

အလွမ်းသီချင်းတွေ ဆိုတတ်တဲ့သူမအတွက် အပြင်လောကဟာလည်း အပြောင်းအလဲတွေ များပြားခဲ့ပါတယ်။ အချစ်ရေး အပြောင်းအလဲ၊ အိမ်ထောင်ရေး အပြောင်းအလဲများနဲ့ ခုတော့ အဆိုတော် အောင်လနဲ့ အဆင်ပြေပြေလက်တွဲနေတာကို တွေ့ရပါတယ်။

ဝေဖန်တဲ့ပရိတ်သတ်တွေ ရှိခဲ့သလို အားပေးချစ်ခင်တဲ့ သူမပရိတ်သတ်တွေကလည်း အများအပြားရှိနေတာ ဖြစ်ပါတယ်။

Photos©Wyne Su Khine Thein

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *