ဝိုင်းစုခိုင်သိန်းရဲ့ အမာခံပရိသတ်ဖြစ်ကြောင်း သက်သေပြလိုက်တဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ

ပရိသတ်ကြီးရော ဝိုင်းစု ရဲ့ သီချင်းလေးတွေကြိုက်တဲ့သူဆိုရင်တော့ သူတို့မိသားစုနဲ့ အကြိုက်တူသွားပြီပေါ့နော်။

သူတို့ကတော့ အခြားမဟုတ်ပါဘူး ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင်တို့ မိသားစုလေးပါပဲ။

နိုင်ငံကျော်အဆိုတော်ဝိုင်းစုခိုင်သိန်းဟာ ဒီဇင်ဘာလ(၂၄)ရက်နေ့သူ့ရဲ့ မွေးနေ့မှာ Birthday Show ကို ရန်ကုန်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

အဆိုပါရှိုးပွဲကို လာရောက်အားပေးကြဖို့ကို ထိပ်တန်းမင်းသားမင်းသမီးစုံတွဲဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦး နဲ့ အူဝဲ တို့ ဇနီးမောင်နှံက တိုက်တွန်းထားပါတယ်။

သူတို့ဇနီးမောင်နှံဟာ ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းလေးတွေကို ကြိုက်နှစ်သက်သလို သမီးဖြစ်သူ ပြေသု ကလည်း ဝိုင်းစုသီချင်းလေးတွေကို နားထောင်ရတာနှစ်သက်တယ်လို့ လည်း ဆိုပါတယ်။

မိန်းကလေးပရိသတ်တွေရော ယောကျာ်းလေးပရိသတ်တွေပါ ကြိုက်ကြတဲ့ ဝိုင်းစုရဲ့ သီချင်းလေးတွေကတော့ ထွက်သမျှ တေးရီးစီးတိုင်း ကောင်းနေတာမို့ ကျော်စရာမလိုလောက်အောင် နားထောင်လို့ကောင်းတဲ့ သီချင်းလေးတွေဖြစ်ပါတယ်။

ဒါ့ကြောင့် ပြေတီဦး နဲ့ အူဝဲ တို့ မိသားစု က လည်း ဝိုင်းစုရဲ့ အမာခံပရိသတ်တွေဖြစ်ပြီး ဝိုင်းစုကို အားပေးစကားပြောထားတဲ့ သူတို့ဇနီးမောင်နှံ့ရဲ့ ဗီဒီယိုလေးတွေကို ပရိသတ်တွေအတွက် မျှဝေလိုက်ပါတယ်။ဝိုင်းစု နဲ့ သူတို့မိသားစုကြားက ဆက်ဆံရေးကတော့ အတ်ာလေးရင်းနှီးခင်မင်ပုံရပါတယ်။

အောက်ဆုံးမှာ ဗီဒီယိုလေးကိုကြည့်လိုက်ပြီးတာနဲ့ ဝိုင်းစုကို ပရိသတ်ကြီးရော အားပေးမှာလား။

Source : myanmarload.com

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *