ထိုင်းနိုင်ငံရဲ့ ဆိုင်ကယ်စတန့်ဘုရင် မြန်မာပြည်သား

လူပေါင်းများစွာက အော်ဟစ်အားပေးနေကြတယ်။ သူ နှစ်သက်မြတ်နိုးလွန်းတဲ့ စီးတော်ယာဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ စီးနင်း ပြသနေတဲ့ လှုပ်ရှားမှုတွေက မြန်ဆန်လွန်း တယ်။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းလှတယ်။

နိုင်ငံတကာ ဆိုယ်ကယ်စတန့်ပြိုင်ပွဲ တွေမှာ ချန်ပီယံဆုနဲ့ အခြားဆုတံဆိပ်ပေါင်း များစွာကို ပိုင်ဆိုင်ထားတဲ့သူတစ်ယောက် ဖြစ် တာနဲ့အညီ ပရိသတ်ရဲ့ သြဘာသံညံလောက် အောင် သူ့ရဲ့အင်ဂျင်ပါဝါမြင့် ဆိုင်ကယ်ကို အမျိုးမျိုး မောင်းနှင်စီးနင်းပြလိုက်တယ်။

ဒီဇင်ဘာလ အစောပိုင်း ညနေခင်း တစ်ခုရဲ့ မှိုင်းပြပြ နေခြည်အလင်းရောင်အောက် မှာ ကမ္ဘာ့အဆင့်မီ ဆိုင်ကယ်စတန့်ပြကွက် ပုံစံမျိုးစုံကို ထိုင်းနိုင်ငံကနေ မန္တလေးမြို့အထိ လာရောက်စီးနင်းပြသတဲ့ ကမ္ဘာ့အဆင့်မီ ဆိုင် ကယ်စတန့်ကစားသမားဆိုသူက ပြည်ပရောက် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်

သူ့အမည်က ကိုနောင်ပါ။ ပြည်ပ နိုင်ငံက စတန့်လောကမှာ Stunter Ko ဆိုတဲ့အမည်ကို လူသိပိုများပါတယ်။ကိုနောင်ဟာ သူရဲ့ ခန္ဓာကိုယ်ကို မှောက်ခုံပုံသဏ္ဌာန် အနေအထားဖြင့် ဦးခေါင်း ကို ဖင်ထိုင်ခုံပေါ်မှာ ငိုက်တင်မထားပြီး ဆိုင်ကယ် ရဲ့လက်ကိုင်နှစ်ဖက်ကို သူ၏ ဘယ်ညာခြေ ထောက်တစ်ချောင်းစီဖြင့် ဖမ်းထိန်းထား၍ လက်နှစ်ဖက်ကို နောက်ကျောမှာကပ်ထားကာ ဆိုင်ကယ်ကို စက်ဝိုင်းပုံစံ လှည့်ပတ်မောင်းနှင် စီးနင်းပြလိုက်ပါတယ်။

”TV မှာပဲ ကြည့်ဖူးတယ်။ အခုလို စတန့်ပြကွက်တွေကို အပြင်မှာ ကြည့်ရဖို့မလွယ် ဘူး”လို့ လက်ခုပ်တီးအားပေးသူတစ်ဦးက ဘေးနားမှာရှိနေတဲ့ သူငယ်ချင်းကို စကားဆို လိုက် တယ်။ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ နေထိုင်တဲ့ ကိုနောင်ကို မန္တလေးမြို့မှာ ကျင်းပ တဲ့ မော်တော်ဆိုင်ကယ် ကလပ်အသင်းများ တွေ့ဆုံပွဲ မှာ ဆိုင်ကယ်ချစ်သူ၊ စတန့်ချစ်သူများနဲ့ တွေ့ဆုံ နိုင်ဖို့ ဖိတ်ကြားခဲ့တဲ့အတွက် လာရောက်ခဲ့သူပါ။

”ဘဝရဲ့ အမှတ်ရစရာတွေထဲ တစ်ခု ထပ်တိုးရပြန်ပေါ့။ ကိုယ့်ရဲ့ပထမဆုံး အမိမြေ မှာပြတဲ့ပွဲ(ဆိုင်ကယ်စတန့်)အပြင် မြန်မာနိုင်ငံ ရဲ့ဆိုင်ကယ်မြို့တော်မှာ ပထမဆုံးကျင်းပတဲ့ Mandalay Bike Week ပွဲနဲ့အတူ ဆင် နွှဲရခြင်းပါ”လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားခဲ့တယ်။ ကိုနောင်က ဆိုင်ကယ်မောင်းနှင်ခွင့် ကန့်သတ်ထားတဲ့ မြို့တော်ရန်ကုန်က။ အသက် က ၃၄နှစ်။ ခန္ဓာကိုယ်ကျစ်ကျစ်၊ အသားဖြူ ဖြူ၊ အရပ်အမောင်းမနိမ့်မမြင့်နဲ့ အမြဲပြုံးနေ တတ်တယ်။ မိဘက ဝန်ထမ်းဖြစ်တာမို့ တာဝန် ကျရာ နယ်မြို့တွေမှာ လှည့်လည်နေထိုင်ရတယ်။

ရန်ကုန် ဆရာအတတ်သင် သိပံ္ပ ကျောင်း (TTC) က ၁ဝတန်းအောင်ခဲ့သလို အဝေးသင်တက္ကသိုလ်မှာလည်း ဒုတိယနှစ် အထိ တက်ရောက်ခဲ့တယ်။

စတန့်သမားဖြစ်လာဖို့ အစပြုခြင်း

တကယ်တော့ ကိုနောင်အနေနဲ့ အောင် မြင်တဲ့ စတန့်သမားတစ်ယောက်ဖြစ် လာတာက ”မရွယ်ဘဲ စော်ကဲမင်းဖြစ်” ဆိုသလို အဖြစ်ပါ။ တစ်ဦးတည်းသော သားလည်းဖြစ်၊ Óဏ်လည်းကောင်းသူမို့ ဖခင်က ပညာရေးမှာ ထွန်းပေါက်စေလိုတယ်။ ဒါကြောင့်လည်း ထိုင်း နိုင်ငံ ဗျကာစအငသည ကညငလနမျငအပ မှာ ဘကျငညနျာညေေါနာနညအ (စီးပွားစီမံ) ဘာသာရပ်နဲ့ပညာ သင်သွားခဲ့ခြင်းက အခုလိုထူးချွန်တဲ့ဆိုင်ကယ် စတန့်သမားတစ်ယောက် ဖြစ်လာဖို့ အကြောင်း ဖန်ခဲ့သလိုပါ။

ထိုင်းမှာကျောင်းတက်ရင်း ရလာတဲ့ မုန့်ဖိုးကိုစုကာ ကားဝယ်စီးဖို့ မတတ်နိုင်တာ ကြောင့် ဆိုင်ကယ်ဝယ်စီးခဲ့တယ်။ ဆိုင်ကယ်ဝယ် တဲ့ အချိန်မှာ ဂီယာတောင် မထိုးတတ်ခဲ့တဲ့ အဖြစ်။ ”ပထမတော့ ကျောင်းတက်ရင်း အ ပျော်ကစားတယ်။ နောက်တော့ ဒီကစားနည်း အပေါ် ရူးသွပ်သွားခဲ့တယ်”လို့ ကိုနောင်က ပြောတယ်။

အရင် ကျောင်းစတက်နေစဉ်ကာလ အားတဲ့အချိန်ဆိုရင် ဟိုဟိုဒီဒီလျောက်သွား နေခဲ့ပြီး ဆိုင်ကယ်စတန့်ကို စိတ်ဝင်စားလာ တဲ့အခါမှာတော့ စားလည်း ဒီစိတ် အိပ်လည်း ဒီစိတ် ဖြစ်လာတယ်။ ညအိပ်ချိန်ရောက်ပြီဆိုလည်း စတန့် စီးတာကို နောက်တစ်ဆင့်တက်ဖို့ ဘယ်လို ကစားမလဲဆိုတဲ့ အကြောင်းကိုပဲ စဉ်းစားနေ မိ တယ်။

အောင်မြင်တဲ့ စတန့်သမားတစ်ယောက်ရဲ့ နောက်ကွယ်

ဝါသနာပါတဲ့ ဆိုင်ကယ်စတန့် သမား တစ်ယောက်အဖြစ် ရပ်တည်နိုင်အောင်ကြိုး စားဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ကိုနောင် တစ်ယောက် ပညာရေးခရီးကို ဆုံးခန်းတိုင် အောင် မသွားနိုင်ခဲ့တော့ပါဘူး။ ပညာရေးမှာ ထူးချွန်စေလိုသူ ဖခင်ဖြစ်သူက စတန့်သမား ဘဝကို ခံယူလိုက်တဲ့သားဖြစ်သူကို လျစ်လျုရှု ပစ်ပယ်ထားခြင်းကိုလည်း ခံခဲ့ရတယ်။
ဝမ်းနည်းမိတဲ့ ခံစားမှုကို ခံယူချက် အတွက် ခွန်အားအဖြစ် အသုံးချခဲ့ပြီး ရောက် နေတဲ့ နိုင်ငံမှာက မြန်မာဆို အထင်သေးချင်တဲ့ စိတ်ကိုလည်း တွေ့ရသည်မို့ မခံချင်စိတ်နဲ့ ကိုနောင်တစ်ယောက် ကြိုးစားခဲ့ရတယ်။

ဘာသာစကား အခက်အခဲကြောင့် လည်း ပေါင်းသင်းဆက်ဆံရေးအပိုင်းမှာ အ ဆင်မပြေတဲ့အတွက် တစ်ယောက်တည်း တစ် ကမ္ဘာတည်ပြီး ဆိုင်ကယ်စတန့် ပြကွက်တွေကို တစ်ကိုယ်တည်း ကြိုးစားလေ့လာ ကစားခဲ့ရ တယ်။ စတန့်ပညာကို သင်ပေးမယ့်သူမရှိတဲ့ သူ့အတွက် အင်တာနက်(့အကဘန)ကနေ လေ့ လာပြီး အိပ်မက်ကို အသက်သွင်းနေခဲ့ရတယ်။

ဆိုင်ကယ်နဲ့ပတ်သက်ပြီး ဘာကိုမှ နားမလည်ခင် စမ်းတဝါးဝါးနဲ့ ကစားခဲ့ရစဉ်မှာ ဒဏ်ရာတွေလည်း အများကြီးရခဲ့ဖူးပြီ။ ထူးချွန် တဲ့ စတန့်သမားတစ်ယောက်ဖြစ်ဖို့ အချိန်အ ကြာကြီး ပေးဆပ်ခဲ့ရသလို များပြားလှတဲ့အခက် အခဲတွေကိုလည်း ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်။”လွယ်လွယ်နဲ့ ထိုင်းစတန့် ချန်ပီယံ ဘွဲ့ကို ရရှိခဲ့ခြင်းတော့ မဟုတ်ခဲ့ရပါဘူး”လို့ ကိုနောင်က ပြောတယ်။

ဆိုင်ကယ် ပရိုစတန့်ကစားသမား (ဏမစ်နျငသညေူ) အဖြစ် အစကောင်းခဲ့တဲ့ ၂ဝ၁၁ ခုနှစ်။

၂ဝဝ၉ ခုနှစ်မှာ ဆိုင်ကယ်စတန့်ကို ကို အလေးထားကာ စတင်လေ့လာကစားပြီး ထိုင်းနိုင်ငံနေရာအနှံ့က ပရိုဖက်ရှင်နယ်စတန့် သမားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ၂ဝ၁၁ ခုနှစ်ျအကညအှြုွု(်မနနျအပူန ချူျေ) ပြိုင်ပွဲမှာ စတန့်ကစားသမား(ဏမသ်နျငသညေူ)အဖြစ် ပထမ ဆုံး စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါတယ်။စတင်ပြိုင်ဝင်တဲ့ ၂ဝ၁၁ခုနှစ်ျအကညအှြုွု ပြိုင်ပွဲမှာပဲ ချန်ပီယံဆုကို ဆွတ်ခူးရယူနိုင်ခဲ့ သလို အခြားပွဲစဉ်တစ်ခုမှာလည်း ဒုတိယဆုရ ခဲ့တော့ စပြိုင်တဲ့နှစ်မှာပဲ ဆုနှစ်ဆုရရှိခဲ့တယ်။ နှစ်တိုင်းလိုလို ဝင်ရောက်ပြိုင်ဖြစ်တဲ့ ထိုင်းနိုင်ငံ က ဆိုင်ကယ်စတန့်ပြိုင်ပွဲတိုင်းမှာ ချန်ပီယံဆု ရရင်ရ၊ ချန်ပီယံမဟုတ်တောင် ဆုတစ်ဆုက တော့ သူ့အတွက် ဖြစ်ခဲ့ပါတယ်။

အမြင့်ဆုံးဝင်ရောက်ယှဉ်ပြိုင်ဖြစ်တဲ့ ပြိုင်ပွဲကတော့ ဂင်းနစ် (ကမ္ဘာ့စံချိန်တင် မှတ် တမ်းတင်) ပြိုင်ပွဲပါ။ ထိုင်းနိုင်ငံက အမြင့်ဆုံးဖြစ် တဲ့ တာဝါ ( အထပ်မြင့် အဆောက်အဦး)ကို ဆိုင်ကယ်နဲ့ အမြန်တက်တဲ့ပွဲမှာလည်း နိုင်ငံ တကာက ကစားသမားတွေနဲ့ ယှဉ်ပြိုင်ပြီး တတိယနေရာကို မြန်မာနိုင်ငံသားတစ်ဦး အနေနဲ့ ဂုဏ်ယူဖွယ်ရယူနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ မိတ္ထီလာမြို့က လူငယ် ဆိုင်ကယ်စတန့်သမား တစ်ဦးဖြစ်တဲ့ ကိုဟန် လင်းအောင်က ”ကျွန်တော်တို့ လေးစားအားကျ ရတဲ့ အစ်ကိုကြီးတစ်ယောက်ပါ”လို့ ပြောပါတယ်။

အခုချိန်မှာ ထိုင်းကလူငယ်တွေရဲ့ ချစ်ခင်အားကျရတဲ့ ဆိုင်ကယ်စတန့်သမား တစ်ဦးဖြစ်လာခဲ့ပြီး အခုလို ပြည်ပနိုင်ငံတစ်ခု မှာအောင်မြင်မှုရဖို့ဆိုတာ လွယ်ကူတဲ့ဖြစ်စဉ် တစ်ခုတော့ မဟုတ်ခဲ့ဘူးလို့ ဆိုပါတယ်။စတန့်ကစားသမားတစ်ယောက်ဟာ ကျန်းမာရမယ်၊ ကြံ့ခိုင်ရမယ်၊ ဇွဲလုံ့လ ဝိရိယ ကြီမားရမယ်၊ ယုံကြည်ချက်ပန်းတိုင် ရှိရမယ်၊ အားကစားစိတ်ဓာတ်ရှိရမယ်၊ စိတ်ကောင်း ရှိရမယ်။ ရဲရင့်စွန့်စားလိုသူတွေ ခုံမင်ကြတဲ့ အားကစားနည်းတစ်ခုလို့ လူငယ်စတန့်ကစား သမားတွေက ခံယူကြတယ်။

ဆိုင်ကယ်စတန့် ဆိုတာက အခန့်မ သင့်ရင် အသက်နဲ့ ခန္ဓာကိုယ်ကိုပါ ဒုက္ခပေး နိုင်တဲ့ အန္တရာယ် အရမ်းများတဲ့ကစားနည်း တစ်ခုဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်မှုအ ပိုင်းမှာ အနည်းဆုံး အရည်အသွေးမြင့် ဆိုင် ကယ်စီးဦးထုပ်ကိုဆောင်း၍ ကစားစေချင်တဲ့ အကြောင်းကို မြန်မာနိုင်ငံက စတန့်လူငယ် အတွက် စိုးရိမ်ပူပန်စိတ်နဲ့ ပြောခဲ့ပါတယ်။ထိုင်းနိုင်ငံ စတန့်လောကမှာ သူတို့ အချင်းချင်းကြား ပြောတဲ့ ဆောင်ပုဒ်တစ်ခုကို ကိုနောင်က အခုလို ရွတ်ပြပါတယ်။

”ြဥံနူာနအ , သျြွနျစနခအ” (ဆိုင်ကယ် ဦးထုပ်မဆောင်းလျှင် လေးစားမှုမရှိ)ပါ။အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အတွက် လမ်းတွေပေါ်မှာ ဆိုင်ကယ် စတန့်ကစားခြင်းကို ကန့်ကွက်စကားဆိုခဲ့ပြီး စတန့်ကစားသမား လူငယ်တွေအနေနဲ့ စည်း ကမ်းရှိရှိ ကစားသင့်သလို ကစားသမားအချင်း ချင်း စည်းလုံးညီညွတ်မှုရှိဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံက စတန့်လူငယ်တွေကို အပြုသ ဘောဆောင်တဲ့ ရည်ညွှန်းစကားပါးခဲ့ပါတယ်။

”ကစားကွင်းမရှိလို့ လမ်းပေါ်တက် ကစားတယ်ဆိုတာ ကောင်းတဲ့အကြောင်းပြ ချက်တော့ မဟုတ်ဘူး”လို့ ကိုနောင်ကပြော ပါတယ်။ ထိုင်းလို ဖွံ့ဖြိုးနေတဲ့နိုင်ငံမှာတောင် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုခန့်မှာ ကိုနောင်အပါအဝင် ထိုင်းလူငယ်အချို့ ဆိုင်ကယ်စတန့်ကစားနည်း ကို စတင်ဖော်ဆောင်စဉ်အချိန်က ဆိုင်ကယ် ရှေ့ဘီးထောင်ရင် လမ်းသူရဲသတ်မှတ်ခံခဲ့ရ တဲ့အချိန်မှာ ကိုယ့်ဘာသာကိုယ် ကွင်းရှာပြီး အောင်မြင်မှုရဖို့အတွက် ကြိုးစားကစားခဲ့ ရတဲ့အကြောင်း ရှင်းပြပါတယ်။

ဆိုင်ကယ်စတန့်ကစားနည်းကို အစိုးရ အဖွဲ့အစည်းတွေနဲ့ ပြည်သူများ စိတ်ဝင်တစား အားပေးတဲ့ အားကစားတစ်ရပ်အနေနဲ့ မြန်မာ နိုင်ငံမှာ ပေါ်ထွန်းလာစေဖို့ ညီငယ်စတန့်သမား တွေအနေနဲ့ ကြိုးစားသင့်တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံက ထူးချွန်တဲ့လူငယ် ကစားသမားတွေထဲကနေ စည်းကမ်းရှိမယ်။ အကျင့်စာရိတ္တလည်းကောင်းပြီး စတန့်ပုံရိပ်ကို မြှင့်တင်နိုင်မဲ့သူတွေကို သူ့အနေနဲ့ လက်တွဲ ခေါ်ယူ ကူညီပေးသွားဖို့ အသင့်ရှိနေခဲ့ပါတယ်။ သူ့ဆန္ဒကတော့ မြန်မာစတန့်လူငယ်တွေကို နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ကစားပြီး နိုင်ငံဂုဏ် မြှင့်တင်နိုင်အောင် စွမ်းဆောင်ပြ နိုင်တဲ့သူတွေ ဖြစ်စေချင်ခဲ့တာပါ။

ကိုနောင် အနေနဲ့ ၁ဝစုနှစ်တစ်ခုအ ကြာ ဆိုင်ကယ်ကစားပြီးနောက် ၂ဝ၁၅ခုနှစ် နောက်ပိုင်းကစပြီး ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ဖြစ်တာ နည်းပါးလာခဲ့ပါတယ်။ ထိုင်း နိုင်ငံမှာ ပထမဆုံးစတန့် စလုပ်တဲ့အဖွဲ့အ စည်းမှာ ပါဝင်ခဲ့တဲ့အတွက် စတန့်လောကမှာ အထင်ကရရှိသူတစ်ဦးအဖြစ် ထိုင်းမှာလုပ်တဲ့ စတန့်ပွဲတွေမှာ ပါဝင်ဆောင်ရွက်နေသူပါ။
ဖခင်ဖြစ်သူကလည်း ဆိုင်ကယ် စတန့်ပြိုင်ပွဲတွေ ထဲထဲဝင်ဝင် ပါဝင်ယှဉ်ပြိုင် ကာ ချန်ပီယံဆုတွေနဲ့ အခြားဆုတံဆိပ်တွေ များစွာ ဆွတ်ခူးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ကယ် စတန့်လောကမှာ အသိအမှတ်ပြုခံနိုင်ရ လောက်အောင် မဆုတ်မနစ် ကြိုးစားခဲ့တဲ့ သားဖြစ်သူရဲ့ ဝါသနာနဲ့ လုပ်ငန်းအပေါ် နားလည်မှု ရှိသွားခဲ့ပါပြီ။

ထိုင်းနိုင်ငံ ပတ္တရား အရှေ့တောင်ပိုင်း မှာ အခြေချနေထိုင်ကာ ဒေသတွင်းစတန့် လောက ဖွံ့ဖြိုးအောင် အဓိကလုပ်ဆောင်နေ ပြီး အာရှတွင်းနိုင်ငံတွေမှာ ဆိုင်ကယ်စတန့် ကျွမ်းကျင်သူတစ်ဦးအဖြစ် လှည့်လည်ပြသ ပါတယ်။ထိုင်းနိုင်ငံမှာ ၁၅နှစ်ကျော်ကြာ ဏျေစသမအ ( နိုင်ငံကူးလက်မှတ်)နဲ့ ဠငျေ (နေထိုင် ခွင့်) သက်တမ်းတိုးကာ နေထိုင်ခဲ့ပေမယ့် လက် ရှိအချိန်ထိ မြန်မာနိုင်ငံသားတစ်ဦးအဖြစ် ရှိသေးတဲ့ ကိုနောင်က အမိမြေကို ပြန်လည် အခြေချနေထိုင်ချင်တဲ့အကြောင်း အခုလို ပြောပါတယ။်

”ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ရှိတဲ့နေရာကို ပြန်ချင်တယ်ဗျ။ မပြန်ချင်ဘဲ နေပါ့မလားဗျာ။ ကျွန်တော် ရန်ကုန်ကို ပြန်ချင်တယ်။”လက်ရှိ သူလုပ်ကိုင်နေတဲ့ အသက် မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် ရပ်တည်နေ တဲ့လုပ်ငန်းက မြန်မာနိုင်ငံမှာ အဆင်မပြေ နိုင်သေးတဲ့အတွက် ရန်ကုန်ကို ပြန်လာနေဖို့ က ခက်ခဲနေဆဲပါ။ ရန်ကုန်မှာ ဆိုင်ကယ်စီးလို့ မရတော့ ပြန်ဖို့ကတော့ ဝေးဦးမယ်ထင်တယ် လို့ ဆိုပါတယ်။

လက်ရှိ အနေအထားမှာတော့ မြန်မာပြည်ကို ပြန်လာနေထိုင်နိုင်ဖို့ အဖြစ် က ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးတဲ့ အဖြစ်ကို ကိုနောင် တစ်ယောက် ရယ်မောရင်း စကားတစ်ခွန်း ဆိုလိုက်ပါတယ်။

”အကယ်၍ ဒီနေ့သာ ရန်ကုန်မှာ ဆိုင်ကယ်စီးခွင့်ပေးရင် မနက်ဖြန်ပြန်ခဲ့မယ်။”

Mandalay Age

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *