ကြ်န္မ မလွရင္ ဘယ္သူလွမလဲ ဟု ယံုၾကည္ရဲ၀့ံစြာေျပာလာတဲ ျဖဴျဖဴေက်ာ္သိန္း

လြတ္လပ္ေပါ့ပါးၿပီး ဆယ္ေက်ာ္သက္မိန္းကေလးတစ္ဦးလို သြက္လက္ခ်က္ခ်ာကာ ယခင္ကထက္ ပိုမိုႏုပ်ိဳလာသည့္အျပင္ ဖက္ရွင္ဘုရင္မတစ္ဦးျဖစ္သည့္ ျဖဴျဖဴေက်ာ္သိန္းက အခ်စ္ေတြေၾကာင့္ ပိုမိုႏုပ်ိဳ လာျခင္းေၾကာင့္ ကြ်န္မ မလွရင္ ဘယ္သူလွမလဲ ဟု ယံုၾကည္ရဲ၀့ံစြာ သူမ၏အခ်စ္ႏွင့္ ပတ္သက္ၿပီး ေျပာၾကားလိုက္သည္။

“အခ်စ္ေၾကာင့္ ႏုပ်ိဳလာတယ္ဆိုတာက မွန္တာေပါ့။ ကဲ…ရွင္တို႔ ကြ်န္မကို မခ်စ္ၾကဘူးလား။ အရင္ကထက္ေရာ ပိုခ်စ္မလာၾကဘူးလား။ ပရိသတ္ေတြကေရာ၊ မီဒီယာေတြကပါ ဒီေလာက္ခ်စ္ေနၾကမွေတာ့ ကြ်န္မ စိတ္ခ်မ္းသာၿပီေပါ့ရွင္။ ကဲ….ကြ်န္မ မလွရင္ေရာ ဘယ္သူကလွမွာတဲ့လဲ…ရွင့္ေျပာစမ္းပါဦး။ အမေလးရွင္. .ရွင္တို႔ ကြ်န္မကို ခ်စ္တာ ၅၂၈ ဆိုၿပီး ေျပာေနတယ္။ ဂဏန္းေတြနံပါတ္ေတြ ေျပာေနတာက အတိတ္စိမ္းေပးေနတာလားရွင့္။ ျဖဴျဖဴရဲ႕အရင္တုန္းက ဖက္ရွင္အ၀တ္အစားေတြအရ ေျပာရမယ္ဆိုရင္ ကိုယ္၀တ္ခဲ့တုန္းက အ၀တ္အစားေတြကို ျပန္ၾကည့္လိုက္ေတာ့ ကို္ယ့္အ၀တ္အစားက သံခ်ပ္ကာ၀တ္မိရဲ႕သား ျဖစ္ေနတယ္ေလ။ အဲဒီေတာ့ ျမွားနတ္ေမာင္လည္း မပစ္ႏိုင္ဘူးျဖစ္ေနတာ။ ျဖဴျဖဴ႕မွာအခ်စ္နဲ႔ ပတ္သက္လို႔ ေျပာစရာကုိမရိွတာ။ မျဖဴရဲ႕တူေလးေတြကိုခ်စ္ဖို႔၊ ပရိသတ္ကိုခ်စ္ဖို႔ပဲ စိတ္ထဲရိွေနပါတယ္ရွင္”ဟုေျပာသည္။

အဆိုေတာ္ျဖဴျဖဴေက်ာ္သိန္းသည္ အခ်စ္ေရးႏွင့္ပတ္သက္ၿပီး သိုသိပ္စြာ ေနထိုင္တတ္သူျဖစ္သည္ဟုု မီဒီယာ အသိုင္း အ၀ိုင္းက မွတ္ခ်က္ျပဳၾကၿပီး သူမ၏ပရိသတ္မ်ားကလည္း အခ်စ္ေရးကို စိတ္၀င္စားမႈျမင့္တက္ေနသူအျဖစ္ စိတ္၀င္စားျခင္းကိုခံခဲ့ရသည္။ လြန္ခဲ့သည့္ႏွစ္မ်ားက သူမထက္ ငယ္ရြယ္သည့္ အျပင္ ယေန႔ေခတ္ ဆယ္ေက်ာ္သက္ ပ်ဳိေမမ်ား သဲသဲလႈပ္အားေပးျခင္းကို ခံေနရသည့္ကိုရီးယားမင္းသားငယ္ဆန္ဆန္ အႏုပညာေလာကထဲမွ လူငယ္တစ္ဦးႏွင့္ အခ်စ္ေရးကိစၥ အသံထြက္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ၿငိမ္သက္သြားခဲ့သည္။

ယင္းအခ်ိန္ကတည္းက စတင္ကာ သူမ၏ မိတ္ကပ္၊ ဆံပင္ႏွင့္ အ၀တ္အစား ဒီဇိုင္းမ်ားသည္လည္း လူငယ္တစ္ဦးကဲ့သို႔ ေျပာင္းလဲသြားျခင္းေၾကာင့္ ပရိသတ္မ်ား၏ ေကာင္းျခင္း ဆိုးျခင္း ေ၀ဖန္မႈမ်ား ျမင့္တက္ခဲ့ေသာ္လည္း ၎၏ ေျပာင္းလဲလိုက္သည့္ အျပင္အဆင္မ်ားသည္ ပိုမိုလိုက္ဖက္သည္ဟု ေျပာဆုိေနၾကသည္။

Source: Shwe Myanmar

{Unicode Version}

လွတ်လပ်ပေါ့ပါးပြီး ဆယ်ကျော်သက်မိန်းကလေးတစ်ဦးလို သွက်လက်ချက်ချာကာ ယခင်ကထက် ပိုမိုနုပျိုလာသည့်အပြင် ဖက်ရှင်ဘုရင်မတစ်ဦးဖြစ်သည့် ဖြူဖြူကျော်သိန်းက အချစ်တွေကြောင့် ပိုမိုနုပျို လာခြင်းကြောင့် ကျွန်မ မလှရင် ဘယ်သူလှမလဲ ဟု ယုံကြည်ရဲဝံ့စွာ သူမ၏အချစ်နှင့် ပတ်သက်ပြီး ပြောကြားလိုက်သည်။

“အချစ်ကြောင့် နုပျိုလာတယ်ဆိုတာက မှန်တာပေါ့။ ကဲ…ရှင်တို့ ကျွန်မကို မချစ်ကြဘူးလား။ အရင်ကထက်ရော ပိုချစ်မလာကြဘူးလား။ ပရိသတ်တွေကရော၊ မီဒီယာတွေကပါ ဒီလောက်ချစ်နေကြမှတော့ ကျွန်မ စိတ်ချမ်းသာပြီပေါ့ရှင်။ ကဲ….ကျွန်မ မလှရင်ရော ဘယ်သူကလှမှာတဲ့လဲ…ရှင့်ပြောစမ်းပါဦး။ အမလေးရှင်. .ရှင်တို့ ကျွန်မကို ချစ်တာ ၅၂၈ ဆိုပြီး ပြောနေတယ်။ ဂဏန်းတွေနံပါတ်တွေ ပြောနေတာက အတိတ်စိမ်းပေးနေတာလားရှင့်။ ဖြူဖြူရဲ့အရင်တုန်းက ဖက်ရှင်အဝတ်အစားတွေအရ ပြောရမယ်ဆိုရင် ကိုယ်ဝတ်ခဲ့တုန်းက အဝတ်အစားတွေကို ပြန်ကြည့်လိုက်တော့ ကိုယ့်အဝတ်အစားက သံချပ်ကာဝတ်မိရဲ့သား ဖြစ်နေတယ်လေ။ အဲဒီတော့ မြှားနတ်မောင်လည်း မပစ်နိုင်ဘူးဖြစ်နေတာ။ ဖြူဖြူ့မှာအချစ်နဲ့ ပတ်သက်လို့ ပြောစရာကိုမရှိတာ။ မဖြူရဲ့တူလေးတွေကိုချစ်ဖို့၊ ပရိသတ်ကိုချစ်ဖို့ပဲ စိတ်ထဲရှိနေပါတယ်ရှင်”ဟုပြောသည်။

အဆိုတော်ဖြူဖြူကျော်သိန်းသည် အချစ်ရေးနှင့်ပတ်သက်ပြီး သိုသိပ်စွာ နေထိုင်တတ်သူဖြစ်သည်ဟုု မီဒီယာ အသိုင်း အဝိုင်းက မှတ်ချက်ပြုကြပြီး သူမ၏ပရိသတ်များကလည်း အချစ်ရေးကို စိတ်ဝင်စားမှုမြင့်တက်နေသူအဖြစ် စိတ်ဝင်စားခြင်းကိုခံခဲ့ရသည်။ လွန်ခဲ့သည့်နှစ်များက သူမထက် ငယ်ရွယ်သည့် အပြင် ယနေ့ခေတ် ဆယ်ကျော်သက် ပျိုမေများ သဲသဲလှုပ်အားပေးခြင်းကို ခံနေရသည့်ကိုရီးယားမင်းသားငယ်ဆန်ဆန် အနုပညာလောကထဲမှ လူငယ်တစ်ဦးနှင့် အချစ်ရေးကိစ္စ အသံထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် ငြိမ်သက်သွားခဲ့သည်။

ယင်းအချိန်ကတည်းက စတင်ကာ သူမ၏ မိတ်ကပ်၊ ဆံပင်နှင့် အဝတ်အစား ဒီဇိုင်းများသည်လည်း လူငယ်တစ်ဦးကဲ့သို့ ပြောင်းလဲသွားခြင်းကြောင့် ပရိသတ်များ၏ ကောင်းခြင်း ဆိုးခြင်း ဝေဖန်မှုများ မြင့်တက်ခဲ့သော်လည်း ၎င်း၏ ပြောင်းလဲလိုက်သည့် အပြင်အဆင်များသည် ပိုမိုလိုက်ဖက်သည်ဟု ပြောဆိုနေကြသည်။

Source: Shwe Myanmar

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *