
ZawGyiဖြင့်ဖတ်ရန်







Source: Health Digest


Credit:Duwun

Unicodeဖြင့်ဖတ်ရန်

ဆောင်းတွင်းမှာ_ဖနောင့်ကွဲတာကို_ လွယ်လွယ်လေးနဲ့ ကုသနည်း

*ဆောင်းတွင်းရောက်လာတဲ့အခါ အသားတွေပပ်တာအပြင် ဖနောင့်ကွဲတဲ့ဒဏ်ကိုပါ ခံကြရပါတယ်။ တအားအက်ကွဲသွားပြီဆိုရင် လမ်းတောင်မလျှောက်နိုင်ကြပါဘူး။ ဒီ့အတွက်နည်းလမ်းရှိပါတယ်။

– *ဇလုံထဲခြေဖနောင့်မြှပ်တဲ့ထိ ရေနွေးထည့်ပါ။ ဆား ၃-၄ ဇွန်းကို ထမင်းစားဇွန်းနဲ့ထည့်ပါ။ နောက်တော့ ခြေထောက်ကို မိနစ် ၃၀ စိမ်ပါ။

– *မိနစ် ၃၀ ကြာလာတဲ့အခါ ဖနောင့်နေရာက မာပြီးကြမ်းရှနေတဲ့နေရာတွေကို ကြေးတွန်းကျောက် ဒါမှမဟုတ် အဝတ်ကြမ်းနဲ့ပွတ်တိုက်ပေးပါ။ တအားကြီးပွတ်တိုက်စရာ မလိုပါဘူး။

– *အတော်အသင့် ပွတ်တိုက်ပြီးသွားတဲ့အခါ ခြေထောက်ကို အဝတ်စနဲ့ခြောက်အောင်သုပ်ပါ။ သံလွင်ဆီ ဒါမှမဟုတ် အလှဆီလိမ်းပြီး အဝတ်နဲ့ တစ်နာရီခန့်ပြန်ပတ်ထားပါ။

– *ဒီနည်းအတိုင်း လေးငါးခါလောက်လုပ်လိုက်တဲ့အခါ သက်သာပျောက်ကင်းလာပါလိမ့်မယ်။ ဒါပေမဲ့ သံလွင်ဆီကိုတော့ ဆက်ထည့်ပေးသင့်ပါတယ်။

ခြေဖဝါးတအားအက်နေရင် ဆားမထည့်ဘဲစိမ်ပါ။

Source: Health Digest

Photo Source: Dailymotion

Credit:Duwun

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *