နာရေးအသင်းများအတွက် ကားနှစ်စီး လှူဒါန်းလိုက်တဲ့ အာဇာနည်တို့မိသားစု

အဆိုတော် အာဇာနည်တို့ မိသားစုကတော့ နာရေးကူညီမှုအသင်းနှစ်ခုမှာ အသုံးပြုဖို့အတွက် ကားသစ်နှစ်စီးကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

အာဇာနည်က လွန်ခဲ့တဲ့နှစ်များက ဒိတ်ဒိတ်ကြဲ အောင်မြင်ခဲ့ပြီး ခုတိုင်လည်း သီချင်းတွေဖန်တီးနေဆဲဖြစ်ပါတယ်။ သားလေးတစ်ယောက် ရရှိထားပြီး ပျော်စရာမိသားစု ဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

နာရေးအသင်းများအတွက် ကားနှစ်စီးလှူဒါန်းကြောင်းကိုတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရှယ်လုပ်ပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ နာမှုကူညီရေးအသင်း (ရန်ကုန်) အတွက် တစ်စီး၊ သာသနာ့ပါလ နာမှုကူညီရေးအသင်း (မန္တလေး) အတွက် တစ်စီး ဖြစ်တယ်လို့ သိရပါတယ်။

အာဇာနည်က မကြာသေးခင်ကပဲ အညာဒေသမှာ ရှေးဟောင်းဘုရား ထီးတင်ခဲ့သေးသလို တခြား ကုသိုလ်ကောင်းမှုများလည်း မကြာမကြာပြုလုပ်နေတာကို တွေ့ရပါတယ်။

Photos©R Zar Ni

PannPwint

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *