မြင့်မြတ်အပေါ် ပွင့်ပွင့်လင်းလင်း ချီးကျူးစကား ပြောပစ်လိုက်တဲ့ ရွှေထူး

ZawGyiဖြင့်ဖတ်ရန်





Unicodeဖြင့်ဖတ်ရန်

မြင့်မြတ်ကို ဝေဖန်လိုက်တဲ့ ရွှေထူး

ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီး ပက်ပက်စက်စက်ညှို့ ဇာတ်ကားမှာတင် ပရိသတ်တွေက သရုပ်ဆောင် ချက်တွေကို သဘောကျလို့ နောက်ထပ် ဇာတ်ကားတွေ ထပ်ရိုက်ဖို့ တောင်းဆိုခံနေရတဲ့သူကတော့ ရွှေထူးပါ။ ရွှေထူးကတော့ အဆိုပိုင်း သီချင်းတွေ ဘက်မှာတင်မကပဲ သရုပ်ဆောင် စွမ်းရည်ပါ ပါရမီ ထူးတယ်လို့ ပြောရလောက်အောင် တော်တဲ့ သူတစ်ယောက်ပါပဲ။ ရွှေထူးက ပက်ပက်စက်စက်ညှို့ ဇာတ်ကားကြီးမှာ အတူရိုက်ခဲ့တဲ့နေတိုးကိုလဲ သဘောကျ နှစ်သက်ခဲ့သူဖြစ်ပြီး အခုလဲ မြင့်မြတ်ကို သဘောကျလို့နေပြန်ပါပြီ။

ရွှေထူးကတော့ မြင့်မြတ်ကို အတော်သဘောကောင်းတဲ့ မင်းသားလို့ ဝေဖန်လိုက်ပြီးတော့ ကျွန်တော် နောက်ထပ် သဘောကျရတဲ့ မင်းသားဆိုပြီး ချီးကျူးစကား ဆိုထားပါတယ်။

ရွှေထူးကတော့ Media 7နဲ့အတူ ဇာတ်ကားရိုက်ဖို့ (၂)နှစ် စာချုပ်ချုပ်ထားတာ ဖြစ်ပြီး မြင့်မြတ်၊ ရဲတိုက်တို့နဲ့အတူ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ရှိတယ်လို့လဲ သိရပါတယ်။

Credit:မျက်ပြေ(မိုမိုလေး)

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *