ေၾကာက္ တတ္သူမ်ားမဖတ္ပါနဲ႔… အခ်စ္ႀကီးေတာ့အမ်က္ႀကီးဆိုသလို အစြဲလည္းႀကီးတဲ႔ မိန္းခေလး…

အခ်စ္ႀကီးေတာ့အမ်က္ႀကီးဆိုသလို အစြဲလည္းႀကီးတဲ႔ မိန္းခေလး…

နယ္စပ္ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕မွာ ေကာင္ေလးတစ္ေယာက္ကို ေကာင္မေလးႏွစ္ေယာက္က ခ်စ္ႀကိဳက္ေနတဲ႔ ေက်ာင္းေနဖက္ သူငယ္ခ်င္းသံုးေယာက္ရွိပါတယ္…

ေကာင္ေလးကေတာ့ ဘယ္သူ႔ကိုမွ ခ်စ္စကားမဆိုေပမယ့္ ႏွစ္ေယာက္လံုးက သူ႔ကိုခ်စ္ေနၾကတယ္ဆိုတာ သိေနခဲ႔ပါတယ္…

ေကာင္ေလးက မ်ိဳးေဝ၊ ေကာင္မေလးႏွစ္ေယာက္က မိဂြ်တ္ နဲ႔ သီသီမာ၊ ႏွစ္ေယာက္လံုးက ရုပ္မဆိုးၾကပါဘူး…

မိဂြ်တ္က စိတ္ႀကီးလြန္းၿပီး ဂြ်တ္ဆပ္ဆပ္နိုင္လို႔ရထားတဲ႔နာမည္ပါ။ မ်ိဳးေဝနဲ႔သီသီမာ ႏွစ္ေယာက္ထဲစကားေျပာတာေတြ႔ရင္ ေဆြ႔ေဆြ႔ခုန္ေအာင္ ေပါက္ကြဲတတ္တယ္…

မ်ိဳးေဝကလည္း မိဂြ်တ္ဆို ခင္ေပမယ့္ သူ႔စိတ္ကို အလြန္ေၾကာက္တယ္… မိဂြ်တ္က စိတ္တိုလာရင္ အခ်ိန္ေနရာ လူၾကားသူၾကား မေရြး ေပါက္ကြဲေတာ့ သံုးေယာက္လံုးအရွက္ကြဲခဲ႔ေပါင္းလည္းမ်ားေပါ့…

တစ္ေန႔မွာ မ်ိဳးေဝက သီသီမာကို ခ်စ္ေရးဆိုလိုက္တယ္… ငယ္ေပါင္းေတြဆိုေတာ့ ခ်က္ခ်င္းဆိုသလို ခ်စ္သူေတြျဖစ္သြားၾကပါတယ္…

ဒါကို မိဂြ်တ္က တစ္ပတ္ေလာက္အၾကာမွာ မ်ိဳးေဝနဲ႔သီသီမာ ခ်စ္သူေတြျဖစ္ၿပီး ခ်ိန္းေတြ႔ေနၾကတယ္ဆိုတဲ႔ သတင္း ဘယ္ကဘယ္လိုၾကားလိုက္လဲ မသိဘူးဗ်ာ…

အဲ႔ဒီမွာ ႏွစ္ေယာက္ထဲစကားေျပာရင္ေတာင္ ေဆြ႔ေဆြ႔ခုန္တဲ႔ မိဂြ်တ္ျပႆနာက အႀကီးအက်ယ္စၿပီေပါ့…

ဘယ္ေလာက္ထိေဒါသထြက္လိုက္လဲဆိုရင္ ဓါးေျမွာင္တစ္ေခ်ာင္းကို လက္မွာကိုင္ မ်ိဳးေဝတို႔ရွိရာေနရာကို အေရာက္သြားၿပီး ေနာက္ကေန သီသီမာရဲ႕ ခါးေဘးေစာင္းကို ပါလာတဲ႔ဓါးနဲ႔ ႏွစ္ခ်က္သံုးခ်က္ ထိုးသြင္းလိုက္ပါတယ္…

သီသီမာလည္း အားဆိုတဲ႔အသံတစ္ခ်က္သာ ထြက္ႏိုင္ရွာတယ္…

မ်ိဳးေဝလည္းလန္႔ၿပီး ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိျဖစ္ေနတဲ႔အခ်ိန္မွာ မိဂြ်တ္ရဲ႕စြဲေခၚရာေနာက္ကို ေၾကာက္ေၾကာက္နဲ႔ ပါသြားခဲ႔ရတယ္…

အဲ႔ဒီအခ်ိန္မွာ “ငါ့ကို ဒီအတိုင္းမထားခဲ႔ၾကနဲ႔” ဆိုၿပီး လွမ္းေအာ္ေနတဲ႔ သီသီမာရဲ႕အသံေၾကာင့္ ႏွစ္ေယာက္လံုးလွည့္ၾကည့္လိုက္တဲ႔အခ်ိန္ ခ်စ္စိတ္ဝင္ေနခ်ိန္မွာ ခ်စ္သူအစြဲနဲ႔ေသသြားခဲ႔ရတဲ႔ သီသီမာဟာ လဲေနတာတစ္ေယာက္ ထိုင္ေနတာတစ္ေယာက္ ေပါင္း သီသီမာႏွစ္ေယာက္ျဖစ္ေနတာကို သူတို႔ေတြ႔လိုက္ရပါတယ္…

အဲ႔ဒီအခ်ိန္မွာ မိဂြ်တ္အေၾကာက္ႀကီးေၾကာက္ၿပီး အသံကုန္ေအာ္လိုက္တာ သူတို႔တစ္အိမ္သားလံုးအကုန္လန္႔ႏိုးၿပီး မိဂြ်တ္အခန္းစီကို ေျပးဝင္လာၾကေရာတဲ႔ဗ်ာ…

READ ေကာင္မေလး ေနအိမ္နဲ႔ မဆန္႔တဲ့ ႏွင္းဆီပြင့္ တစ္ေထာင္ကို ပိုးေၾကးပန္းေၾကး ေပးတဲ့ အခ်စ္ရူး
မနက္မိုးလင္းေတာ့မွ သူတို႔သံုးေယာက္ေတြ႔ၿပီး မိဂြ်တ္က သူ႔အိပ္မက္ကို အေၾကာင္းစံုေျပာျပေတာ့ သံုးေယာက္လံုး တဝါးဝါးရယ္ေနၾကပါေလေရာဗ်ာ…

( စိတ္တိုတတ္သူမ်ား ျဖည္းျဖည္းဆဲၾကေနာ္…ခ္ခ္ခ္ )

အစဥ္ထာဝရ ရႊင္လန္းခ်မ္းေျမ့ၾကပါေစ…

#ApannPyay ( www.apannpyay.com)

==========

Unicode

ကြောက်တတ်သူများမဖတ်ပါနဲ့…

အချစ်ကြီးတော့အမျက်ကြီးဆိုသလို အစွဲလည်းကြီးတဲ့ မိန်းခလေး…

နယ်စပ်မြို့ငယ်လေးတစ်မြို့မှာ ကောင်လေးတစ်ယောက်ကို ကောင်မလေးနှစ်ယောက်က ချစ်ကြိုက်နေတဲ့ ကျောင်းနေဖက် သူငယ်ချင်းသုံးယောက်ရှိပါတယ်…

ကောင်လေးကတော့ ဘယ်သူ့ကိုမှ ချစ်စကားမဆိုပေမယ့် နှစ်ယောက်လုံးက သူ့ကိုချစ်နေကြတယ်ဆိုတာ သိနေခဲ့ပါတယ်…

ကောင်လေးက မျိုးဝေ၊ ကောင်မလေးနှစ်ယောက်က မိဂျွတ် နဲ့ သီသီမာ၊ နှစ်ယောက်လုံးက ရုပ်မဆိုးကြပါဘူး…

မိဂျွတ်က စိတ်ကြီးလွန်းပြီး ဂျွတ်ဆပ်ဆပ်နိုင်လို့ရထားတဲ့နာမည်ပါ။ မျိုးဝေနဲ့သီသီမာ နှစ်ယောက်ထဲစကားပြောတာတွေ့ရင် ဆွေ့ဆွေ့ခုန်အောင် ပေါက်ကွဲတတ်တယ်…

မျိုးဝေကလည်း မိဂျွတ်ဆို ခင်ပေမယ့် သူ့စိတ်ကို အလွန်ကြောက်တယ်… မိဂျွတ်က စိတ်တိုလာရင် အချိန်နေရာ လူကြားသူကြား မရွေး ပေါက်ကွဲတော့ သုံးယောက်လုံးအရှက်ကွဲခဲ့ပေါင်းလည်းများပေါ့…

တစ်နေ့မှာ မျိုးဝေက သီသီမာကို ချစ်ရေးဆိုလိုက်တယ်… ငယ်ပေါင်းတွေဆိုတော့ ချက်ချင်းဆိုသလို ချစ်သူတွေဖြစ်သွားကြပါတယ်…

ဒါကို မိဂျွတ်က တစ်ပတ်လောက်အကြာမှာ မျိုးဝေနဲ့သီသီမာ ချစ်သူတွေဖြစ်ပြီး ချိန်းတွေ့နေကြတယ်ဆိုတဲ့ သတင်း ဘယ်ကဘယ်လိုကြားလိုက်လဲ မသိဘူးဗျာ…

အဲ့ဒီမှာ နှစ်ယောက်ထဲစကားပြောရင်တောင် ဆွေ့ဆွေ့ခုန်တဲ့ မိဂျွတ်ပြဿနာက အကြီးအကျယ်စပြီပေါ့…

ဘယ်လောက်ထိဒေါသထွက်လိုက်လဲဆိုရင် ဓါးမြှောင်တစ်ချောင်းကို လက်မှာကိုင် မျိုးဝေတို့ရှိရာနေရာကို အရောက်သွားပြီး နောက်ကနေ သီသီမာရဲ့ ခါးဘေးစောင်းကို ပါလာတဲ့ဓါးနဲ့ နှစ်ချက်သုံးချက် ထိုးသွင်းလိုက်ပါတယ်…

သီသီမာလည်း အားဆိုတဲ့အသံတစ်ချက်သာ ထွက်နိုင်ရှာတယ်…

မျိုးဝေလည်းလန့်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတဲ့အချိန်မှာ မိဂျွတ်ရဲ့စွဲခေါ်ရာနောက်ကို ကြောက်ကြောက်နဲ့ ပါသွားခဲ့ရတယ်…

အဲ့ဒီအချိန်မှာ “ငါ့ကို ဒီအတိုင်းမထားခဲ့ကြနဲ့” ဆိုပြီး လှမ်းအော်နေတဲ့ သီသီမာရဲ့အသံကြောင့် နှစ်ယောက်လုံးလှည့်ကြည့်လိုက်တဲ့အချိန် ချစ်စိတ်ဝင်နေချိန်မှာ ချစ်သူအစွဲနဲ့သေသွားခဲ့ရတဲ့ သီသီမာဟာ လဲနေတာတစ်ယောက် ထိုင်နေတာတစ်ယောက် ပေါင်း သီသီမာနှစ်ယောက်ဖြစ်နေတာကို သူတို့တွေ့လိုက်ရပါတယ်…

အဲ့ဒီအချိန်မှာ မိဂျွတ်အကြောက်ကြီးကြောက်ပြီး အသံကုန်အော်လိုက်တာ သူတို့တစ်အိမ်သားလုံးအကုန်လန့်နိုးပြီး မိဂျွတ်အခန်းစီကို ပြေးဝင်လာကြရောတဲ့ဗျာ…

မနက်မိုးလင်းတော့မှ သူတို့သုံးယောက်တွေ့ပြီး မိဂျွတ်က သူ့အိပ်မက်ကို အကြောင်းစုံပြောပြတော့ သုံးယောက်လုံး တဝါးဝါးရယ်နေကြပါလေရောဗျာ…

( စိတ်တိုတတ်သူများ ဖြည်းဖြည်းဆဲကြနော်…ခ်ခ်ခ် )

အစဉ်ထာဝရ ရွှင်လန်းချမ်းမြေ့ကြပါစေ…

#ApannPyay ( www.apannpyay.com)

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *