ေဆာင္းတြင္းမွာႏႈတ္ခမ္းေျခာက္ေသြ႔မႈ ေျဖရွင္းေပးမယ့္ နည္းလမ္း (၆) ခု

ေဆာင္းတြင္းမွာႏႈတ္ခမ္းေျခာက္ေသြ႔မႈ ေျဖရွင္းေပးမယ့္ နည္းလမ္း (၆) ခု

ႏႈတ္ခမ္းေျခာက္ေသြ႔ အက္ကြဲျခင္းက ဆြဲေဆာင္မႈမရိွ၊ နာက်င္မႈပါျဖစ္ေစတဲ့ ျဖစ္ေနက် ျပသနာတစ္ခု ျဖစ္ပါတယ္။

အျဖစ္မ်ားဆုံး လကၡဏာေတြထဲမွာ နီျမန္းျခင္း၊ ေျခာက္ေသြ႔ျခင္း၊ အေရျပားလန္ျခင္း၊ အက္ကြဲျခင္းနဲ႔ က်ိန္းစပ္ျခင္းတုိ႔ ပါဝင္ပါတယ္။

အဓိကျဖစ္ပြားရျခင္း အေၾကာင္းအရင္းတခ်ဳိ႕ထဲမွာ ဓာတ္မတည့္ျခင္း၊ ဗီတာမင္ ခ်ဳိ႕တဲ့ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ ေရဓာတ္ခန္းေျခာက္ျခင္း၊ လ်ာျဖင့္ ႏႈတ္ခမ္းမၾကာခဏရက္ျခင္း၊ ရာသီဥတုၾကမ္းတမ္းမႈ သုိ႔မဟုတ္ ေနေရာင္ျခည္နဲ႔ ထိေတြ႔ျခင္းတုိ႔ ပါဝင္ၾကပါတယ္။

ဒါေပမယ့္ အကုန္အက်သက္သာျပီး သဘာဝနည္းလမ္းမ်ားျဖင့္ လြယ္တကူေျဖရွင္းႏုိင္ပါတယ္။

၁။ ပ်ားရည္

သဘာဝပ်ားရည္မွာ မယုံႏုိင္စရာ အက်ဳိးေက်းဇူးေတြ ရိွပါတယ္။ ႏႈတ္ခမ္းကို ပ်ားရည္စစ္စစ္နဲ႔ တစ္ေန႔ အၾကိမ္အနည္းငယ္ လိမ္းေပးပါ။

ပ်ားရည္က ေျခာက္ေသြ႔မႈ မရိွေအာင္ တားဆီးေပးတဲ့အရာတစ္ခု ျဖစ္ပါတယ္။ အစိုဓာတ္ကို စုပ္ယူ ထိန္းသိမ္းေပးတယ္။

ဒါ့ေၾကာင့္ ေျခာက္ေသြ႔တဲ့ ႏႈတ္ခမ္းအတြက္ က်ိန္းေသေပါက္ အကူအညီျဖစ္ေစပါလိမ့္မယ္။

၂။ အုန္းဆီ

အုန္းဆီဆုိတာသဘာဝ အလွဆီတစ္မ်ဳိး ျဖစ္ပါတယ္။ အုန္းဆီကို ႏႈတ္ခမ္းေပၚ မၾကာခဏ ပြတ္လိမ္းေပးပါ။

၃။ အျပားလုိက္လွီးထားသည့္ သခြားသီး

သခြားသီးကမွာ ေရဓာတ္ပါဝင္ေနျပီးသားျဖစ္ပါတယ္။ ဒီေတာ့ သခြားသီးက ႏႈတ္ခမ္းေျခာက္ျခင္းအတြက္ အေကာင္းဆုံး ေျဖရွင္းနည္းတစ္ခု ျဖစ္ပါတယ္။

သခြားသီးရည္ သုိ႔မဟုတ္ သခြားသီးအျပားကို ႏႈတ္ခမ္းမွာ လိမ္း သုိ႔မဟုတ္ တင္ထားေပးပါ။ ဆုံးရႈံးသြားတဲ့ အစိုျပည္ဓာတ္ကို ျပန္လည္ရရိွလာပါလိမ့္မယ္။

၄။ သၾကား

ႏႈတ္ခမ္းကို သၾကားနဲ႔ ပ်ားရည္နဲ႔ ပြတ္ေပးပါ။ ႏႈတ္ခမ္းအေရျပားဆဲလ္ေသမ်ားကို ညင္သာစြာ ပြတ္သပ္ဖယ္ရွားေပးပါ။ အဲဒါက ႏႈတ္ခမ္းကို ႏူးညံ့ေပ်ာ့ေပ်ာင္းေနေစပါလိမ့္မယ္။

၅။ ႏွင္းဆီပြင့္ဖတ္

အက္ကြဲေနတဲ့ ႏႈတ္ခမ္းကို ႏူးညံ့ေပ်ာ့ေပ်ာင္းေစဖို႔ ႏွင္းဆီပြင့္ဖတ္ေတြ အသုံးျပဳပါ။ ႏွင္းဆီပြင့္ဖတ္ကို ေရနဲ႔ ေသခ်ာေဆးေၾကာသန္႔စင္၊ ႏြားႏုိ႔စိမ္၊ ၾကိတ္ေျချပီး ပ်စ္ပ်စ္ႏွစ္ႏွစ္ျဖစ္ေအာင္ ျပဳလုပ္ပါ။

အဲဒီအရည္ပ်စ္ပ်စ္ေလးနဲ႔ ႏႈတ္ခမ္းကို ညအိပ္ယာမဝင္မီ လိမ္းေပးရမွာ ျဖစ္ပါတယ္။

၆။ ရွားေစာင္းလက္ပတ္အဆီပ်စ္

ရွားေစာင္းလက္ပတ္အဆီပ်စ္က ေျခာက္ေသြ႔တဲ့ အသားအေရအတြက္ အထူးေကာင္းမြန္တယ္ဆိုတာ အထင္အရွားျဖစ္ပါတယ္။

အစိုဓာတ္ထိန္းသိမ္းေပးရုံတင္မက ႏႈတ္ခမ္းေျခာက္ေသြ႔ အက္ကြဲလုိ႔ နာက်င္မႈကိုပါ သက္သာေစပါတယ္။

ရွားေစာင္းလက္ပတ္အဆီပ်စ္ကို ႏႈတ္ခမ္းမွာ တုိက္ရုိက္လိမ္းေပးရုံပါပဲ။
မွတ္စု

Credit : Trend Myanmar

unicode version

နှုတ်ခမ်းခြောက်သွေ့မှု ဖြေရှင်းပေးမယ့် နည်းလမ်း (၆) ခု

နှုတ်ခမ်းခြောက်သွေ့ အက်ကွဲခြင်းက ဆွဲဆောင်မှုမရှိ၊ နာကျင်မှုပါဖြစ်စေတဲ့ ဖြစ်နေကျ ပြသနာတစ်ခု ဖြစ်ပါတယ်။

အဖြစ်များဆုံး လက္ခဏာတွေထဲမှာ နီမြန်းခြင်း၊ ခြောက်သွေ့ခြင်း၊ အရေပြားလန်ခြင်း၊ အက်ကွဲခြင်းနဲ့ ကျိန်းစပ်ခြင်းတို့ ပါဝင်ပါတယ်။

အဓိကဖြစ်ပွားရခြင်း အကြောင်းအရင်းတချို့ထဲမှာ ဓာတ်မတည့်ခြင်း၊ ဗီတာမင် ချို့တဲ့ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ လျာဖြင့် နှုတ်ခမ်းမကြာခဏရက်ခြင်း၊ ရာသီဥတုကြမ်းတမ်းမှု သို့မဟုတ် နေရောင်ခြည်နဲ့ ထိတွေ့ခြင်းတို့ ပါဝင်ကြပါတယ်။

ဒါပေမယ့် အကုန်အကျသက်သာပြီး သဘာဝနည်းလမ်းများဖြင့် လွယ်တကူဖြေရှင်းနိုင်ပါတယ်။

၁။ ပျားရည်

သဘာဝပျားရည်မှာ မယုံနိုင်စရာ အကျိုးကျေးဇူးတွေ ရှိပါတယ်။ နှုတ်ခမ်းကို ပျားရည်စစ်စစ်နဲ့ တစ်နေ့ အကြိမ်အနည်းငယ် လိမ်းပေးပါ။

ပျားရည်က ခြောက်သွေ့မှု မရှိအောင် တားဆီးပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အစိုဓာတ်ကို စုပ်ယူ ထိန်းသိမ်းပေးတယ်။

ဒါ့ကြောင့် ခြောက်သွေ့တဲ့ နှုတ်ခမ်းအတွက် ကျိန်းသေပေါက် အကူအညီဖြစ်စေပါလိမ့်မယ်။

၂။ အုန်းဆီ

အုန်းဆီဆိုတာသဘာဝ အလှဆီတစ်မျိုး ဖြစ်ပါတယ်။ အုန်းဆီကို နှုတ်ခမ်းပေါ် မကြာခဏ ပွတ်လိမ်းပေးပါ။

၃။ အပြားလိုက်လှီးထားသည့် သခွားသီး

သခွားသီးကမှာ ရေဓာတ်ပါဝင်နေပြီးသားဖြစ်ပါတယ်။ ဒီတော့ သခွားသီးက နှုတ်ခမ်းခြောက်ခြင်းအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု ဖြစ်ပါတယ်။

သခွားသီးရည် သို့မဟုတ် သခွားသီးအပြားကို နှုတ်ခမ်းမှာ လိမ်း သို့မဟုတ် တင်ထားပေးပါ။ ဆုံးရှုံးသွားတဲ့ အစိုပြည်ဓာတ်ကို ပြန်လည်ရရှိလာပါလိမ့်မယ်။

၄။ သကြား

နှုတ်ခမ်းကို သကြားနဲ့ ပျားရည်နဲ့ ပွတ်ပေးပါ။ နှုတ်ခမ်းအရေပြားဆဲလ်သေများကို ညင်သာစွာ ပွတ်သပ်ဖယ်ရှားပေးပါ။ အဲဒါက နှုတ်ခမ်းကို နူးညံ့ပျော့ပျောင်းနေစေပါလိမ့်မယ်။

၅။ နှင်းဆီပွင့်ဖတ်

အက်ကွဲနေတဲ့ နှုတ်ခမ်းကို နူးညံ့ပျော့ပျောင်းစေဖို့ နှင်းဆီပွင့်ဖတ်တွေ အသုံးပြုပါ။ နှင်းဆီပွင့်ဖတ်ကို ရေနဲ့ သေချာဆေးကြောသန့်စင်၊ နွားနို့စိမ်၊ ကြိတ်ခြေပြီး ပျစ်ပျစ်နှစ်နှစ်ဖြစ်အောင် ပြုလုပ်ပါ။

အဲဒီအရည်ပျစ်ပျစ်လေးနဲ့ နှုတ်ခမ်းကို ညအိပ်ယာမဝင်မီ လိမ်းပေးရမှာ ဖြစ်ပါတယ်။

၆။ ရှားစောင်းလက်ပတ်အဆီပျစ်

ရှားစောင်းလက်ပတ်အဆီပျစ်က ခြောက်သွေ့တဲ့ အသားအရေအတွက် အထူးကောင်းမွန်တယ်ဆိုတာ အထင်အရှားဖြစ်ပါတယ်။

အစိုဓာတ်ထိန်းသိမ်းပေးရုံတင်မက နှုတ်ခမ်းခြောက်သွေ့ အက်ကွဲလို့ နာကျင်မှုကိုပါ သက်သာစေပါတယ်။

ရှားစောင်းလက်ပတ်အဆီပျစ်ကို နှုတ်ခမ်းမှာ တိုက်ရိုက်လိမ်းပေးရုံပါပဲ။
မှတ်စု

Credit : Trend Myanmar

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *