အကူအညီလိုနေတဲ့ အမျိုးသမီးကြီးတစ်ဦးကို အစစအရာရာ ကူညီပေးခဲ့တဲ့ အောင်လေး

မော်ဒယ်အောင်လေးကတော့ အကူအညီလိုအပ်နေတဲ့ အမျိုးသမီးကြီးတစ်ဦးကို ငွေကြေးအပြင် အစစအရာရာကို ကူညီပေးခဲ့ပါတယ်တဲ့။ ယင်းအမျိုးသမီးအတွက် ငွေကျပ်ငါးသောင်းနဲ့ ဆန်ဆီဆားအခြားလိုအပ်တာ တွေကိုဝယ်ပေးပြီးတော့ အညာကို ပြန်မယ့်နေရာအထိကိုလည်း လိုက်ပို့ပေးခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ကျန်းမာရေးမကောင်းပေမယ့်လည်း ဆေးကုသမှု မခံယူချင်သလို အမျိုးတွေရှိတဲ့ နေရာမှာပဲ ခေါင်းချချင်တယ်လို့ ဆိုတာကြောင့် အဲ့ဒီအမျိုးသမီးကြီးရဲ့ သဘောကို လိုက်လျောကာ ဖြည့်ဆည်းပေးခဲ့ပါတယ်။

အောင်လေးရဲ့ စိတ်ဓာတ်ကိုလည်း ပရိသတ်များက ချီးကျူးထားကြတာတွေ့ရပါတယ်။ ထိုအမျိုးသမီးကြီးနဲ့ အောင်လေးဟာ ယခင်ကတည်းက ခင်မင်ခဲ့တာလို့ သိရပါတယ်။

Sprot Bar မှာ အလုပ်လုပ်ကတည်းက အောင်လေးနဲ့ ခင်မင်ခဲ့ပြီး ယခုလို အခြေအနေရောက်နေတဲ့အချိန်မှာလည်း အောင်လေးဘက်က အစစအရာရာကို လိုက်လံကူညီပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

အောင်လေးအနေနဲ့လည်း သူ့လုပ်တဲ့ အလှူတော်တော်များများကို ဖေ့စ်ဘွတ်ပေါ် တင်လေ့မရှိပေမယ့်လည်း ယခုကိစ္စကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ တင်ရခြင်းက ပေါ်ပင်ဖြစ်ချင်လို့ မဟုတ်ပဲ ယင်းအမျိုးသမီးကြီးအတွက် လှူမယ့်သူများ ပေါ်လာဖို့နဲ့ အားလုံး သာဓုခေါ်နိုင်ဖို့ ရေးသားထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အောင်လေးကတော့ မော်ဒယ်ပိုင်းအပြင် သရုပ်ဆောင်ပိုင်းကိုပါ ကြိုးစားနေသူ ဖြစ်ပါတယ်။

Photo : အောင်လေး FB

Duwun

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *