အကယ်ဒမီရ မင်းသမီးငယ်တစ်ယောက်နှင့် ချစ်ကြိုးသွယ်နေတယ်လို့ သတင်းထွက်နေတဲ့ ဟိန်းဝေယံ

အဆင်ပြေပြေ စိတ်ချမ်းချမ်းသာရှိသည့် အေးအေးချမ်းချမ်းရှိပြီး တစ်ယောက်နှင့်တစ်ယောက် သစ္စာရှိရှိချစ်တတ်ရန် လိုအပ်သည်ဟု ဆယ်ကျော်သက်များ၏ အသဲကျော် ဖြစ်သည့် ဟိန်းဝေယံက ထုတ်ဖော် ပြောကြားလိုက်သည်။

“အချစ်ဆိုတာကို အခုချိန်ထိလည်း ဘယ်လိုပုံစံမျိုးဆိုပြီး တိတိကျကျ အဓိပ္ပာယ်ဖွင့်လို့ မရသေးဘူးလေ။ အဲဒီတော့ အချစ်ဆိုတဲ့အရာကို ကျွန်တော်အဓိပ္ပာယ်မဖွင့်တတ်သေးပါဘူး။ ကျွန်တော့်အနေနဲ့ မြင်မိတဲ့ အမြင်က အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ်ချစ်နေဖို့ လိုအပ်ပါတယ်။ နောက် တစ်ဦးနဲ့တစ်ဦးသစ္စာရှိဖို့လည်း လိုအပ်တယ်လို့ ကျွန်တော် ခံစားမိတယ်။ ပြီးတော့ အဆင်ပြေပြေလေးနဲ့ စိတ်ချမ်းချမ်းသာသာချစ်တတ်ဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ချစ်ခြင်းအစက မျက်စိကလို့ ကျွန်တော် ရာခိုင်နှုန်းပြည့် မပြောနိုင်သေးပါဘူး။ မပြောရဲသေးဘူးပေါ့နော်။ ကျွန်တော့်အနေနဲ့ အချစ်ဆိုတဲ့ ခံစားမှုမျိုးကို မျက်စိကလည်းဖြစ်ချင်ဖြစ်မယ်။ အသံကလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ များသောအားဖြင့်ပြောကြတာက အသံကနေပြီး ခံစားမိတယ်လို့ ကြားမိတာပဲ။ ကျွန်တော့် အကြည့်တွေမှာ အမျိုးသမီးတွေကိုကြည့်ရင် တဏှာဆိုတဲ့ စိတ်၊ အကြည့်တွေနဲ့ ကြည့်ခဲ့တာမျိုးမရှိပါဘူး။ အဲလိုမျိုးလည်း မကြည့်ဖူးဘူးဗျ။ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရင် ချောရင်ချောတယ်။ လှရင်လှတယ်ပေါ့နော်။ လန်းရင်လည်း လန်းတယ်ဟဆိုတဲ့ စိတ်ခံစားမှုမျိုးပဲ ရှိပါတယ်။ အဲဒီပေါ်မှာ တွေ့ပြီးမှ ကိုယ့်ရဲ့စိတ်ခံစားမှုက နောက်ထပ်ဖြစ်လာတယ်ပေါ့။ ကြည့်တဲ့ အချိန်မှာတော့ ရိုးရိုးသားသားပဲ ကြည့်ပါတယ်ဗျ”ဟု ၎င်းကပြောသည်

ကောလဟသတင်းများနှင့် ကြုံတွေခြင်းခံခဲ့ရသည့် ဟိန်းဝေယံအနေဖြင့် အဓိကက ကိုယ့်ဘက်က အမှန်တကယ် မဟုတ်ရန်လိုအပ်ပြီး ယင်းသတင်းများပေါ်တွင် စိတ်ခံစားချက် မထားဘူးဟုဆိုသည်။ အသက်ရှင်ရမည့် လူ့ဘ၀လျှောက်လှမ်းမှုတွင် လုပ်စရာရှိသည့် အလုပ်များ များပြားနေပြီး ပရိသတ်အတွက် ၎င်း၏အနုပညာ အလုပ်များကို အကောင်းဆုံးပေးဆပ်သွားရန်ကိုသာ စဉ်းစားနေသည်ဟုပြောသည်။

လတ်တလောတွင် အကယ်ဒမီရ မင်းသမီးငယ်တစ်ယောက်နှင့် ချစ်ကြိုးသွယ်နေသည့် သတင်းများဟိုတစ်စ ဒီတစ်စထွက်ရှိနေခြင်းကို ဟိန်းဝေယံကို ချစ်သည့် ပရိသတ်များက စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသလို တချို့သော ပရိသတ်များကလည်း သူတို့ နှစ်ယောက်ကို လိုက်ဖက်သည် ဆိုသည့် အားပေးမှုများနှင့် ဝေဖန်ချက် အမျိုးမျိုးဖြင့် ပြောဆိုသုံးသပ်လျက်ရှိသည်။

ယခင်က ဟိန်းဝေယံ ပါဝင်သရုပ်ဆောင်သည့် ဇာတ်ကားများသည် ပေါ့ပါးသည့် သူဌေးသားတစ်ယောက် ဆိုသည့်ဇာတ်ကောင်အများအပြားနှင့်လူငယ်ကြိုက် ဇာတ်ကားအများအပြား ရိုက်ကူးမှုများပြားလာခဲ့သော်လည်း အနုပညာသက်တမ်း ကြာမြင့်လာသည့် ယခုနောက်ပိုင်းတွင် အနုပညာကျန်ရစ်မည့်သဘာဝကျနသည့်ဇာတ်ကောင်းစရိုက်များဖြင့်သရုပ်ဆောင်လာသည်ကို တွေ့ရသည်။

ယခုနောက်ပိုင်း ပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်နေသည့် သူ၏ဇာတ်ကားများသည် ‘မာယာကကြိုး’၊ ‘သံယောဇဉ်တွေသာကျဉ်ဆန်တွေသာဖြစ်ခဲ့ရင်’၊ ‘ဥယျာဉ်မှူးတစ်ယောက်၏ညနေစာ’ ဇာတ်ကားများဖြစ်ပြီး ကိုယ်တိုင်လည်း ဒါရိုက်တာအလုပ် စတင်လုပ်ကိုင်နေခြင်းကြောင့် ပရိသတ်များ၏ အာရုံကို ဖမ်းစားခြင်းခံရသူဖြစ်သည်။

Source: Shwe Myanmar

Photo: Hein Wai YAN FB

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *