




သီလရှင်ဝတ်နေတဲ့ အကယ်ဒမီထက်ထက်မိုးဦး

အနုပညာလောကရဲ့ တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ မင်းသမီးတစ်ဦးဖြစ်သလို ပရိသတ်တွေအားလုံး ချစ်ခင်ရသူကတော့ အကယ်ဒမီ ထက်ထက်မိုးဦး ဖြစ်ပါတယ်။ ကြော်ငြာဘုရင်မလို့ တင်စားခေါ်ဝေါ်ရတဲ့ ထက်ထက်ကတော့ ကျန်းမာရေးနဲ့ အကြောင်းကိစ္စတစ်ခုကြောင့် အနုပညာလောကကနေ ဆယ်စုနှစ်တစ်စုနီးပါး ပျောက်ကွယ်ခဲ့ပြီး ယခုလက်ရှိမှာတော့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်လို့နေတာတွေ့ရပါတယ်။

“ရှယ်ချွေးမ” ဇာတ်ကားကြီးနဲ့ အနုပညာလောကကို ပြန်ဝင်လာတဲ့ ထက်ထက်တစ်ယောက် လက်ရှိမှာတော့ သီလရှင်ဝတ်နေတယ်လို့ သူမနဲ့ နီးစပ်သူတစ်ချို့ထံမှ ကြားသိရပါတယ်။ “မွှေးတောင်ကြီး” မိသားစု ရဟန်းခံရှင်ပြုအလှူနဲ့အတူ သီလရှင်ဝတ်ကာ ကုသိုလ်ယူခဲ့တာဖြစ်ပြီး ဆရာလေးဘွဲ့ကတော့ “နန္ဒာမာလာ” ဖြစ်တယ်လို့ သိရပါတယ်။ ဒွေဝီရ ဆိုတော့ page တစ်ခုမှာတော့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး………

“မွှေးတောင်ကြီး မိသားစု ရဟန်းခံရှင်ပြု နဲ့အတူ သီလရှင်ဝတ်ရေစက်တူလာရောက်ကုသိုလ် ယူတဲ့ ဆရာလေး နန္ဒမာလာ ( အကယ်​ဒမီ ထက်​ထက်​မိုးဦး )” လို့ ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ ထက်ထက်ဟာ အိမ်ထောင်ရေးအဆင်မပြေဘူးဆိုတဲ့ ကောလဟာလတွေထွက်ပေါ်နေပေမဲ့ ပရိသတ်တွေကတော့ သူမကိုအရင်ကလိုအားပေးပြီး သူမဘက်က မားမားမတ်မတ်ရပ်တည်နေကြာတာ တွေ့ရပါတယ်။ သမီးလေးနဲ့ပတ်သတ်ရင် ပညာရေးကိုဦးစားပေးပြီး မပင်ပန်းချင်တဲ့သူမကတော့ လက်ရှိမှာ အေးချမ်းတဲ့ တရားဘောင်မှာ ခေတ္တတရားအားထုတ်လို့နေပါပြီ ပရိသတ်ကြီးရေ…..

Source : myanmarload

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *