ဒီအချက်တွေနဲ့ကိုက်ညီနေတယ်ဆိုရင် သင့်ချစ်သူ သင့်ကို အရမ်းချစ်နေပါပြီ
(၂) သင်က သူ့ဘဝ
Source : Auntymay
Unicode Version
ယောကျာ်းလေးတစ်ယောက် အရမ်းချစ်လာပြီဆိုရင် သူတို့မဟုတ်သလိုပဲ နူးညံ့လာတတ်တယ်။ သင့်ကို သူ့တကယ်ချစ်တယ်ဆိုရင်တော့ ဒီလိုအပြုအမူတွေဖြစ်လာမှာပါ။
(၁) သင်ကသာ သူ့ရဲ့ဦးစားပေး
သူ့မျက်စိထဲမှာရော၊ သူ့ဘဝမှာပါ သင့်က နံပါတ်တစ်ပဲဖြစ်တယ်။ သင်ကို အားလုံးထက် နေရာပေးထားတယ်။ အဲ့လိုတွေဆိုရင်တော့ သူ သင့်ကိုချစ်လို့ပါ။ သင့်ကိုသာ မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုရင် သင့်ကို ဦးစားပေးမှာတောင်မဟုတ်ပါဘူး။ သင်ကသာ သူ့ဘဝအတွက်အရေးကြီးဆုံးလူဖြစ်နေလို့ အရာတိုင်းထက် သင့်ကို ဦးစားပေးတာပါ။
(၂) သင်က သူ့ဘဝ
သင်က သူ့ဘဝရဲ့ အရေးကြီးတဲ့နေရာမှာပါနေတယ်။ သူ့လုပ်သမျှအရာတွေကို သင့်ကိုအသိပေးသလို သင်ကလည်း သင်လုပ်သမျှအရာတွေကို အသိပေးတယ်။ အဲဒါကြောင့်လည်း သူလုပ်တာတွေကိုလည်း သင်သိသလို သင်လုပ်တာတွေကို သူသိပါတယ်။ အကြောင်းကတော့ သင်နဲ့သင့်ချစ်သူဟာ ပွင့်ပွင့်လင်းလင်းရှိကြလို့ပါ။
(၃) သူ့မိသားစုတွေနဲ့တွေ့ထားနှင့်ပြီးပြီ
ဒီအချက်နဲ့သိသာစေမှာပါ။ ယောကျာ်းတစ်ယောက်ဟာ သူတကယ်မချစ်တဲ့ မိန်းကလေးတစ်ယောက်ကို မိသားစုတွေနဲ့ မိတ်ဆက်မပေးတတ်ဘူး။ သင် သူ့မိသားစုတွေနဲ့ တွေ့ထားနှင့်ပြီးပြီဆိုရင်တော့ သူ့အတွက် သင်ဟာ အရေးကြီးဆုံးလူမိို့လို့ပဲဖြစ်ပါတယ်။ သင်နဲ့ချစ်သူဖြစ်ရတာကို အမြဲကျေးဇူးတင်နေတတ်ပါသေးတယ်။
(၄) သင့်အတွက် တကူးတကလုပ်ပေးတတ်တယ်
သင့်ကြိုက်တဲ့မုန့်ဆိုင်ကသွားရတာ နည်းနည်းလှမ်းတယ်ဆိုရင်တောင် သင့်အတွက်ကို သူ့အလုပ်တွေပြီးတာနဲ့ တကူးတက ၀ယ်ပေးတတ်တယ်။ အကြောင်းကတော့ သင့်ကြိုက်တဲ့မုန့်တွေနဲ့ surprise လုပ်ပေးစေချင်လို့ပါ။ သင့်အတွက်ဝေးတဲ့နေရာက မုန့်ကိုတောင် သွားဝယ်ပေးတယ်ဆိုကတည်းက သင့်ကိုချစ်လို့ပါ။
(၅) သင့်အတွက် အဆင့်သင့်ရှိနေတယ်
သင့်မှာ ပြဿနာတစ်ခုဖြစ်လို့ သူ့ဆီကို ဖုန်းခေါ်လိုက်ရင် အားလုံးကိုပစ်ထားခဲ့ပြီး သင့်ဆီကို ရောက်လာမှာပါ။ ဒီလိုလုပ်တယ်ဆိုတာက သင့်ကို ဂရုစိုက်လို့၊ စိတ်ပူလို့ပါ။ သင်ကို မချစ်ဘူးဆိုရင် သူ့အချိန်တွေကို အကုန်ခံနိုင်မှာ မဟုတ်ပါဘူး။ သင့်ကိုကူညီဖို့အတွက် အားလုံးမေ့ပြီး သင့်ဆီကိုရောက်လာတဲ့သူက သင့်ကို အသက်ထက် တန်ဖိုးထားလို့ပါ။
Source : Auntymay
Facebook Comments
Leave a Reply
Your email address will not be published. Required fields are marked *