စစ်မှုထမ်းနေပေမယ့် ပရိသတ်အားပေးမှု လျော့ကျမသွားတဲ့ လီမင်ဟို

မင်းသားချော လီမင်ဟိုကို လွမ်းနေတဲ့သူတွေအတွက် လီမင်ဟိုရဲ့ စစ်မှုထမ်းပုံရိပ်လေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။ မင်းသားချော လီမင်ဟိုဟာ (၂၀၁၇)ခုနှစ် မေလ (၁၂)ရက်နေ့ကစပြီး စစ်မှုထမ်းတာဝန်တွေကို ထမ်းဆောင်ခဲ့တာပါ။ဆိုးလ်မှာရှိတဲ့ Gangnam ရုံးမှာသွားပြီး လူမှုဝန်ထမ်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတာပါ။

တခြားသူတွေလို လေ့ကျင့်ရေး Camp ကို အရင်ဝင်တာမျိုးမဟုတ်ဘဲ အရင်ဆုံးစတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။ နောက်ပိုင်းကျမှ Training Camp ၀င်ဖို့ စီစဉ်ထားခဲ့တာပါ။ (၂၀၀၆)တုန်းက ယာဉ်မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့ပေါင်နဲ့ခြေကျင်းဝတ် အရိုးကျိုးသွားခဲ့တာရယ်၊ (၂၀၁၁) မှာ နောက်ထပ်ယာဉ်မတော်တဆမှုနဲ့ကြုံခဲ့ရဖူးပါတယ်။ အဲ့ဒီတုန်းက ရခဲ့တဲ့ဒဏ်တွေကြောင့် တခြားသူတွေလို စစ်သားအဖြစ်မဟုတ်ဘဲ လူမှုဝန်ထမ်းအဖြစ်ပဲ တာဝန်ထမ်းဆောင်နိုင်ခဲ့တာပါ။

“The Legend of the Blue Sea” ကတော့ လီမင်ဟို စစ်မှုထမ်းမသွားခင် နောက်ဆုံးရိုက်ကူးသွားခဲ့တဲ့ ဇာတ်ကားပါ။ လီမင်ဟိုရဲ့ ရုံးတက်ရုံးဆင်းချိန်တွေမှာတော့ ပရိသတ်တွေက သူ့အိမ်ရှေ့မှာ သွားရောက်စောင့်ဆိုင်းပြီး နှုတ်ဆက်ကြတာ၊ သူတို့ချစ်တဲ့မင်းသားကို လက်ဆောင်တွေပေးကြတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့မေလကနေ ခုချိန်ထိကို ပရိသတ်တွေက လီမင်ဟိုရဲ့ ရုံးတက် ရုံးဆင်းချိန်လေးတွေမှာ စောင့်ဆိုင်းအားပေးနေတာကို တွေ့ရပါတယ်။

from လီမင်ဟို fan များရဲ့ fb & IG

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *