“ခြောက်သာခြောက်တာ စီးပွားရှာနိုင်တယ်” ဆိုတဲ့ ညီညီမောင် စမ်းချောင်း

ဖေ့စ်ဘွက်မှာ နာမည်ကြီးတဲ့ မိတ်ကတ် ညီညီမောင် (စမ်းချောင်း) ကတော့ အမျိုးမျိုးဝေဖန်မှုတွေ ရှိနေပေမယ့် ခြောက်သာခြောက်တာ သူက စီးပွားရှာနိုင်တယ်လို့ ပြောလာပါတယ်။

ဖေ့စ်ဘွက်ကို စွဲစွဲမြဲမြဲ အသုံးပြုပြီး နေ့စဉ် လှုပ်ရှားမှုလေးတွေကို တင်လေ့ရှိတဲ့ သူ့ကို လူအများအပြားက စိတ်ဝင်စားမှုရှိနေကြတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဖေ့စ်ဘွက်ကို ဖော်လိုလုပ်ထားသူအရေအတွက်ကလည်း ၂ သိန်းခန့်ရှိနေပြီ ဖြစ်ပါတယ်။

အခြောက်တစ်ယောက်ဖြစ်ပေမယ့် စီးပွားရှာနိုင်တဲ့အကြောင်းကိုတော့ မနေ့ (ဒီဇင်ဘာ ၂ဝ ရက်) 8days TV မီဒီယာနဲ့ အင်တာဗျူးမှာ ပြောဆိုလာတာ ဖြစ်ပါတယ်။

“သုတို့ ငယ်ငယ်တုန်းကဆိုရင် အိမ်ကအစ ရိုက်တာ နှက်တာ ရှိတယ်ပေါ့နော်။ အေအိုင်ဒီအက်စ်နဲ့ သေမယ့်လူ၊ ဘာမှလည်းအဖြစ်ရှိတာမဟုတ်ဘူး၊ နွဲ့နွဲ့ နွဲ့နွဲ့နဲ့ပေါ့နော်။ ဒါပေမယ့် ခုဆိုလို့ရှိရင် ဟဲ့ သူက ခြောက်သာခြောက်တာ သူ့ကိုသွားမလုပ်နဲ့၊ သူစီးပွားရှာနိုင်တယ်” ဆိုပြီး ဖြစ်လာကြောင်း ညီညီမောင်က ပြောသည်။

သူက ခုလောလောဆယ် အယ်ဂျီဘီတီတစ်ယောက်နဲ့ တွဲနေပြီး လက်ထပ်သွားဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ မကြာခင်လည်း လိင်အပြောင်းအလဲလုပ်ဖို့ စိတ်ကူးထားကြောင်း ညီညီမောင် (စမ်းချောင်း) က ပြောသည်

Photos©Nyi Nyi Maung (San Chaung)

PannPwint

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *