သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတဲ့ နေမင်း

သရုပ်ဆောင်နေမင်းကတော့ အင်တာဗျူးတွေမှာချစ်ရမယ့်သူရှိနေပါပြီလို့ ဖြေကြားဖူးပေမယ့် ဘယ်သူဘယ်ဝါရယ်လို့တော့ ဖွင့်ဟပြောကြားခြင်းမရှိခဲ့ပါဘူး ။

တစ်ခါမှာတော့ သူ့ချစ်သူ နာမည်ဟာ F နဲ့စပါတယ်လို့ပြောပြခဲ့ပါသေးတယ် ။ နေမင်းရဲ့ ပရိတ်သတ်တွေကတော့ ဘယ်သူလဲလို့ အမြဲသိချင်နေခဲ့ကြတာပါ ။ အခုတော့ နေမင်းက ပရိတ်သတ်တွေရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ပါပြီ ။

သူ့ချစ်သူကောင်မလေးရဲ့ အကြောင်းကို သူကိုယ်တိုင် ဖွင့်ဟပြောပြခဲ့တာပါ ။ သူ့ချစ်သူကောင်မလေးရဲ့ နာမည်ကတော့ Fu Fu ပါတဲ့ ။ ကြားခံသူငယ်ချင်းတွေကတဆင့် ဖုန်းနံပါတ်ရပြီး ကောင်မလေးက ဖုန်းဆက်ရင်းစတင်မိတ်ဆက်ရာကနေ နှစ်ဦးသားချစ်သူတွေ ဖြစ်လာကြတယ်လို့ Eleven ရဲ့ အင်တာဗျူးတစ်ရပ်မှာနေမင်းက ဖြေဆိုထားတာကိုတွေ့ရှိရပါတယ် ။

သူ့ချစ်သူကောင်မလေးက သူဆိုးသမျှကို အနွံတာခံပြီး ချစ်ခင်သူဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါသေးတယ် ။ အချစ်နဲ့ အဝေးမှာ အချိန်အတန်ကြာနေခဲ့တဲ့ ကိုနေမင်းတစ်ယောက်တော့ သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို ပြန်လည်ပိုင်ဆိုင်သွားပြီမို့ သူ့ ပရိတ်သတ်တွေလဲ ၀မ်းသာနေလိမ့်မယ်လို့ ထင်ပါတယ် ။ နေမင်းကတော့ သရုပ်ဆောင်ကောင်းတဲ့ မင်းသားတစ်ယောက်ဖြစ်ပြီး မြို့ရော နယ်ပါ အားပေးသူပရိတ်သတ်အများအပြားပိုင်ဆိုင်ထားသူလဲဖြစ်ပါတယ် ။

Source: Myanmarload.com

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *