ချစ်သူသက်တမ်း (၂) နှစ်ပြည့်ခဲ့တဲ့ ဝါဆိုမိုးဦးတို့စုံတွဲ

သရုပ်ဆောင်ဝါဆိုမိုးဦးကတော့ သူမရဲ့ချစ်သူအဆိုတော် ဖြိုးလေးနဲ့အတူ ခရီးများထွက်ကာ ပျော်ရွှင်လို့နေပါတယ်။ သူတို့နှစ်ယောက်စလုံးကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်နေသူများလည်း ဖြစ်ပါတယ်။ ညနေခင်းတစ်ခုမှာတော့ အဖြူရောင်အကျီလေး များနဲ့အတု ပျော်ရွှင်ကြည်နူးနေတဲ့ သူမတို့ပုံရိပ်လေးတွေကို မြင်တွေ့ရပါတယ်။

ဝါဆိုတစ်ယောက်ကတော့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်နဲ့ စမတ်ကျလွန်းတာကြောင့် ပရိသတ်ကြားရေပန်းစားသလို သူမချစ်သူဖြိုးလေးကလည်း ဟစ်ဟော့သီချင်းများနဲ့ လူငယ်ပရိသတ်ကြား နာမည်ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။ အားကျရတဲ့ အနုပညာ ရှင်စုံတွဲတွေထဲမှာ သူမတို့အတွဲလည်း ပါပါတယ်။

သူမတို့ချစ်သူသက်တမ်း (၂)နှစ်ပြည့်တုန်းကတော့ အပြန်အလှန်လက်ဆောင်များပေးကာ ကြည်နူးနေပုံတွေကတော့ အားကျစရာပါပဲ။ ခရီးများထွက်ကာ ပျော်ရွှင်နေတဲ့သူမတို့ကို အားကျနေတဲ့ Myanmar load ပရိသတ်ကြီးလည်း ချစ်ရသူနဲ့အတူ ပိတ်ရက်တွေမှာ ခရီးတွေအများကြီးထွက်လိုက်တော့နော်။

Source – Warso Moe Oo FB

Myanmar load မှ ကူးယူဖော်ပြသည်

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *