ဇာတ်ကောင်ပိုင်း ပီပြင်လွန်းလှတဲ့‘တောကျီးကန်း’ဇာတ်ကားရိုက်ကူးစဉ် ဒဏ်ရာရသွားတဲ့ ခင်လှိုင်

တောကျီးကန်းဇာတ် ကားရိုက်ကူးစဉ် ဇာတ်ကောင်ပိုင်း ပီပြင်ရန် သေချာပြင်ဆင်ခဲ့သလို ရိုက်ကူးနေစဉ် ဒဏ်ရာများရရှိခဲ့ကြောင်း ခင်လှိုင်က ပြောသည်။

‘‘အဲဒီကားမှာက ညီလေး မြင့်မြတ်လည်းရတယ်။ ဆိုင်မှာ သွားပြီးသောင်းကျန်းတဲ့အချိန် ရေအိုးကို ကန်လိုက်တော့ ခြေ သည်းကြီးလန်သွားတာ။ ကျွန် တော်က ခေါင်းမှာကွဲသွားတာ။ သုံးဘီးဆိုင်ကယ်နဲ့လိုက်ပြီး ရေတံ လျှောက်ကနေ ပစ္စည်းတွေလျှော ချတဲ့ အခန်းရိုက်တော့ မနက်အ စောကြီး ၄ နာရီလောက်မှာ စရိုက်တာ။ ၅ နာရီလောက်မှာ ဖြစ်တယ်။ သံက စိုက်တာကို လန့်ပြီး ခါလိုက်တဲ့အချိန် ဆွဲခွဲသလို ဖြစ်သွားတာ’’ဟု ၎င်းက ပြော သည်။

ဒဏ်ရာများရသည့် ယင်း ဇာတ်ဝင်ခန်းကို ကလောနှင့် အောင်ပန်းကြားရှိနေရာတွင် ရိုက် ကူးခဲ့ပြီး ဆေးခန်းများမဖွင့်သေးသောကြောင့် သွေးထွက်နေသည်ကို အ၀တ်ဖြင့် အုပ်ထားကာ နံနက် ၈ နာရီမှ ဆေးခန်းပြခဲ့ရကြောင်း ဒဏ်ရာရရှိသည့်အတွေ့အကြုံကို ပြောသည်။ အဆိုပါဒဏ်ရာရသည့် ဗီဒီယိုဖိုင်ကို တောကျီးကန်း ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင်ထားရာ ကြည့်ရှုသူ သုံးသိန်း ကျော်ရှိခဲ့သည်။

ဒဏ်ရာရရှိသော်လည်း နောက်ဆုံးဇာတ်သိမ်းခန်းကို အဆိုပါနေ့တွင်ပင် အပြီးသတ် ရိုက်ကူးခဲ့ရသည်မှာ အမှတ်တရဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ယင်းဇာတ်ကားတွင် သရုပ်ဆောင်ရသည့် ဇာတ်ရုပ်ပီ ပြင်မှုရှိစေရန် သွားကိုလည်း စင်ကာပူနိုင်ငံမှ ဆရာဝန်နှင့်တိုင်ပင်၍ စီစဉ်ခဲ့ကြောင်း ခင်လှိုင်က ပြောသည်။

‘‘Special Make-Up နဲ့တင် မဟုတ်ဘဲ သွားကိုလည်း စင်ကာ ပူက ကျွန်တော့်မိတ်ဆွေ သွား ဆရာဝန်ကြီးမှာ သွားအပ်တယ်။ ဆေးသမားတစ်ယောက် အသက် ကြီးလာတဲ့အချိန်မှာ သွားတွေညို မည်းပြီး ထက်ပိုင်းပြတ်နေတာ အဲဒီလိုပုံစံမျိုး’’ဟု ၎င်းက ပြော သည်။

တောကျီးကန်းရုပ်ရှင်ဇာတ် ကားသည် ပရိသတ်အားပေးမှုရရှိ ခဲ့သည့် ခိုးဆိုးလုနှိုက်ရုပ်ရှင်ဇာတ် ကားအဆက်အနေဖြင့် ရိုက်ကူးထားပြီး မြင့်မြတ်၊ ခင်လှိုင်၊ ထူးခြားနှင့် မိုးဟေကိုတို့က အဓိက ပါဝင်သရုပ်ဆောင်ထားသည်။ ခိုးဆိုးလုနှိုက်ဇာတ်ကားတွင် ခင်လှိုင်က သူငယ်ချင်းများကို အရမ်းချစ်သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်သော်လည်း တောကျီးကန်းရုပ်ရှင်ဇာတ်ကားတွင်မူ မူးယစ်ဆေးဝါးနှင့် လောင်းကစားကြောင့် သူငယ်ချင်းကို သစ္စာဖောက်သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

source ; 7day

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *