ခင်ဝင့်ဝါကို “ခေးက လှတယ်နော်” လို့ ပြောလိုက်တဲ့ X Box

လူငယ်တေးသံရှင် X Box ကတော့ လက်တလော ပရိသတ်တွေကြားမှာ အရမ်းကို ရေးပန်း စား လူကြိုက်များ လာတဲ့ Hip Hop အဆိုတော် တစ်ဦးပဲဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသဲတစ်ခြမ်း ဖြစ်သလို “အဖူး”ဆိုတဲ့ ပရိသတ်တွေ ချစ်စနိုးမှည့်ထားတဲ့ နာမည်လေးနဲ့ နာမည်ကြီးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ပရိသတ်အချစ်တော် အဖူးကတော့ ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ အလှကို ဂုဏ်ဖော်အမွှန်းတင်လိုက်ပြန်ပါတယ်။

“အော် ခေးခေး လှတယ်နော် အကျီ င်္လေးက LoL လူလှလို့ပါ “ ဆိုတဲ့စားသာလေးကို သူရဲ့ လူမှုကွန်ယက် ကနေ ရေးသားခဲ့ တာပဲဖြစ်ပါတယ်။ Salute ဖက်ရှင်နဲ့ ပူးပေါင်း ထုတ်လုပ် ထားတဲ့ X Box ရဲ့ ကိုယ်ပိုင်ဒီဇိုင်း အဖြစ်နဲ့ ပရိသတ်တွေဆီ မိတ်ဆက်ပေးလိုက်တဲ့ အကျီ င်္လေးကို ဝတ်ဆင်ကာ လှနေတဲ့ ပရိသတ် အချစ်တော် ခင်ဝင့်ဝါရဲ့အလှကို အမွှန်း တင်လိုက် တာ ပဲဖြစ်ပါတယ်။ X Box အမွှန်းတင်ရင်လည်း တင်လောက်ပါ တယ်။ ခင်ဝင်ဝါ ဝတ်ဆင် ထားတဲ့အကျီ င်္လေးနဲ့ အရောင်လေး ကတော့ အရမ်းကိုလိုက်ဖက်ပြီး ချစ်ဖို့ကောင်း နေတော့တာပဲဖြစ်ပါတယ်။

Salute အကျီ င်္လေးနဲ့ ခင်ဝင်ဝါလေးလှနေသလို ပရိသတ်တွေလည်း လှဖို့ အချိန်(၄) ရက် သာလိုပါတော့တယ်။ လာမယ့် ဒီဇင်ဘာ (၂၃)ရက်နေ့မှာတော့ X box ရဲ့ သီဆိုဖျော်ဖြေမှုတွေနဲ့အတူ Launching ပွဲလေးလုပ် သွားမှာဖြစ်ပြီး Salute အကျီ င်္နဲ့ ဦးထုပ်စတဲ့ဖက်ရှင်မျိုးစုံကို ရောင်းချ ပေးသွားမှာပဲဖြစ်ပါတယ်။ ပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်နေတဲ့ပွဲလေးကတော့ တဖြေးဖြေးနီးကပ် လာပြီပဲဖြစ်ပါတယ်။X box ရဲ့ ဖျော်ဖြေမှုတွေနဲ့ အတူကဲဖို့ (၂၃)ရက်နေ့အတွက် ကိုးပေါက်လေးတွေ Ready ဖြစ်နေမယ်လို့ထင်ပါတယ်။ပရိသတ်တွေမြင်တွေ့ရတဲ့ပုံရိပ်လေး ထဲကအတိုင်း ခင်ဝင်ဝါလေး လှနေသလို ပရိသတ်တွေလည်း Salute အကျီ င်္လေးဝတ်ပြီး လှနိုင်ကြပါစေနော်။

Source:အချစ်ဇုန်

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *