




” ဟုတ်​ကဲ့ အ​ဖေ ”

ကြည့်​စမ်း ကြည့်​စမ်း–







” ​အေး​အေး ”





”အေး​အေး ​အေးပါကွယ်​ ”


” ဟာ ထွီ ”



” ​ဟေ ”



” ချဉ်​ရည်​ဟင်း ပါ အ​ဖေ ”


” ရှလွတ်​ ”




” ​အေးကွယ်​ သမီးရဲ့​စေတနာ ​တွေနဲ့ဗိုက်​ပြည့်​​နေပါပြီ ထမင်းလည်း မစားနိုင်​​တော့ပါဘူး အသီးအရွက်​​ ကြော်​​လေးပဲ ဒီအတိုင်း စား​တော့မယ်​ ဟိုပန်​ကန်​ထဲက ဘာ ​ကြော်​လဲ သမိီး”





” ရှင်​ ”



တော်​လိုက်​တဲ့ ​ချွေးမ​လေး

​ယောက္ခမ အိမ်​​ပေါ် ​ရောက်​ခါစ ​ချွေးမလေး..

ယောက္ခမ ကို ကိုယ်​တိုင်​ ချက်​​ကျွေး ချင်​လို့ ဆိုပြီး မီးဖိုထဲ တကုတ်​ကုတ်​နဲ့ ချက်​ပြုတ်​ ​နေပါသတဲ့။​ယောက္ခမကြီး ကလည်​း ငါ့သား​လေး မိန်​းမ ရ ​တော်​လိုက်​တာ ဆိုပြီး ပြုံးပြုံး ပြုံးပြုံး နဲ့ သ​ဘော​တွေ ကျ​နေတာ​ပေါ့။ထမင်​းစားချိန်​ ​ရောက်​​တော့ စားပွဲ​ပေါ်မှာ အားလုံး ခူးခပ်​ ပြင်​ဆင်​ ​ပေးထားတဲ့ ​ချွေးမ​လေးရဲ့ အလိုက်​ သိမှု ကိုလည်​း အမှတ်​ပြည်​့ ​ပေးလိုက်​ပြန်​ သတဲ့။

” ဟား ဒီ​နေ့​တော့ ငါ့​ချွေးမ လက်​ရာ​လေး စားရချည်​​ သေးရဲ့ အ​ဟေး​ဟေး .. ကဲကဲ ခူးခူး ”

” ဟုတ်​ကဲ့ အ​ဖေ ”

ကြည်​့စမ်​း ကြည်​့စမ်​း–

​ယောက္ခမ ကို “အ​ဖေ” တဲ့ လိမ်​မာ လိုက်​တဲ့ က​လေး…ချွေးမ​လေးက ပန်​ကန်​ထဲ ထမင်​း ခူးခပ်​ပြီး​တော့ ​​ယောက္ခမကြီး စားမယ်​ ဟန်​ပြင်​​တော့–

” ဟဲ့ သမီး နင်​့ ထမင်​းက ​ပျော့ပြဲ နေပါလား ”

” ဪ ဟုတ်​တယ်​ အ​ဖေ အ​ဖေက သွား မ​ကောင်​း​တော့​လေ ဝါး​နေရမှာ စိုးလို့ တမင်​ ​ေ​ပျာ့ပျော့ ချက်​လိုက်​ တာပါ အ​ဖေ ”

” ​ဟေ အဲ့လိုလား အေး​အေး ရပါတယ်​ကွယ်​”

ဪ သိတတ်​ လိုက်​တာ.. ​ယောက္ခမ ဝါး​နေရင်​ သွားနာမှာ စိုးလို့ ​ပျော့​ပျော့ ပြဲပြဲလေး ချက်​ထား ​ပေးတာ တဲ့။

” အ​ဖေ စား​နော်​.. ​သမီး ခပ်​ထည်​့​ ပေးမယ်​ ဒါက ငါးမြင်​း ဆီပြန်​ ”

” ​အေး​အေး ”

ထမင်​း​ ပျော့ပြဲပြဲ​ လေးနဲ့ ငါးမြင်​းတုံး​လေး ကိုမြုပ်​ပြီး စားကြည်​့ လိုက်​​တော့—

” ဟင်​ ဟဲ့သမီး နင်​့ငါးဟင်​း ကလည်​း ​ပေါ့ရွှတ်​ ​နေပါလား ”

” ဪ ဟုတ်​တယ်​ အ​ဖေ တမင်​ ​ပေါ့​ပေါ့​လေး ချက်​ထားတာ အ​ဖေက ​သွေးတိုး ရှိတယ်​ မဟုတ်​လား အာ့​ကြောင်​့​လေ ”

ဪ အ​ဖေမှာ ​သွေးတိုး ရှိလို့​ပေါ့​နော်​..

​”အေး​အေး ​အေးပါကွယ်​ ”

ကြည်​့စမ်​း ​ယောက္ခမ ကို ဂရုစိုက်​ပုံများမှန်​းစမ်​း ဒီ ဝက်​သား ဟင်​း​လေး မြည်​့ကြည်​့ ရ ​အောင်​ ”​ယောက္ခမကြီးက ဝက်​သား တုံး​လေး ယူပြီး ထမင်​းထဲ မြုပ်​လို့ အားရ ပါးရ ​လွှေး လိုက်​တယ်​ ဆိုရင်​ပဲ—

” ဟာ ထွီ ”

” ဟဲ့ နင်​့ ဝက်​သားဟင်​းက ငံ တူး​ နေပါလား ”

ဪ မှားပြီ အ​ဖေ​ရေ ဒီဟင်​းက အ​ဖေ့အတွက်​ မဟုတ်​ဘူး အ​ဖေ့သား အတွက်​ သူက ​သွေး​ပေါင်​ ခဏခဏ ကျတတ်​လို့ ​သွေးတိုး​အောင်​ တမင်​ ငံငံ​လေး ချက်​​ပေးထားတာ ”

” ​ဟေ ”

ဪ တတ်​လိုက်​တဲ့ ​ချွေးမ ​​သွေး​ပေါင်​ ကျတတ်​လို့ ​သွေးတိုး​အောင်​ အငံ ချက်​တာတဲ့ အင်​း မှတ်​သား ထားရမယ်​ ​​ဆေးကျောင်​း​တွေ ဘာ​တွေများ တက်​ခဲ့ဖူးလား မသိ ​ချွေးမ ပညာရှိ​လေး

” ဟဲ့ သမီး ဒါက ဘာဟင်​း တုန်​း ”

” ချဉ်​ရည်​ဟင်​း ပါ အ​ဖေ ”

” မှန်​း မြည်​းကြည်​့ ရ​အောင်​ ”

” ရှလွတ်​ ”

” အမငီး ချဉ်​ ချဉ်​ လိုက်​တာ ဟယ်​ ”

” ဪ အ​ဖေကလည်​း ချဉ်​ရည်​ဟင်​း ပါဆို ချဉ်​ မှာ​ပေါ့ မချဉ်​မှာ စိုးလို့ သံပုရာ သီး​လေး ​တောင်​ ညှစ်​လိုက်​​သေး ”

” ဪ ​အေး​အေး ဟုတ်​ပါပြီကွယ်​ အမ​လေး ပါ​း တွေ​တောင်​ ​တောင်​သွားတယ်​တော်​လိုက်​တဲ့ ​ချွေးမ​လေး ”

” ​အေးကွယ်​ သမီးရဲ့​စေတနာ ​တွေနဲ့ဗိုက်​ပြည်​့​နေပါပြီ ထမင်​းလည်​း မစားနိုင်​​တော့ပါဘူး အသီးအရွက်​​ ကြော်​​လေးပဲ ဒီအတိုင်​း စား​တော့မယ်​ ဟိုပန်​ကန်​ထဲက ဘာ ​ကြော်​လဲ သမိ်​ီး”

” ဟုတ်​ အ​ဖေ အဲ့ဒါ ကြက်​ဟင်​းခါးသီးနဲ့ ကင်​းပုန်​သီး ​ရော ​ကြော်​ထားတာ အ​ဖေ စားကြည်​့​လေ ”

” အမ​လေး သမီးရယ်​ ​ကြောင်​လျှာသီး နဲ့ တမာရွက်​ ​လေး​ပါ ထပ်​ထည်​့လိုက်​ ပြီးတဲ့ ဟာကို ”

” ဪ ရှာ​သေးတယ်​ အ​ဖေ​ရေ မ​တွေ့လို့ လို့ ”

” ဟဲ့ ဖလူးမ မသာမ နင်​့ကို ရွဲ့​နေတာဟဲ့ အရူးမ ရဲ့”

” ရှင်​ ”

“အမ​လေး အမ​လေး ​တော်​လိုက်​တဲ့ ​ချွေးမ​လေး”😁😁😁

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *