‘ဖွေးဖွေး’ နဲ့ ပတ်သက်ပြီးတစ်ခွန်းတည်းပြောလိုက်တဲ့ မအေးသောင်း

အနုပညာလောကမှာ တခေတ်တစ်ခါက အေးဝတ်ရည်သောင်း လို့ လူသိများကျော်ကြားခဲ့ပြီး ယနေ့မှာတော့ မအေးသောင်းအဖြစ် တစ်ခေတ်ပြန်လည်ဆန်းသစ်လာခဲ့ပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ ပရိသတ်ရင်အေးစေတဲ့ မအေးသောင်းကတော့ သူမရဲ့ လူမှုစာမျက်နှာမှာ ယနေ့ခေတ်အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဖွေးဖွေးနဲ့ ပတ်သတ်ပြီး စာတစ်ကြောင်းရေးတင်ထားတာ တွေ့ရပါတယ်။

မအေားသောင်းဟာ သူမရဲ့ လူမှုစာမျက်နှာထက်မှာ “ဖွေးဖွေးကိုကြွေတယ်” ဆိုပြီး စာရေးတင်ထားပါတယ်။ ယခုလတ်တလောမှာ အလင်းရောင် ဖွေးဖွေး အိချောပို နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်ထားပြီးဂဒါရိုက်တာဝိုင်း ရိုက်ကူးပုံဖော်ထားတဲ့ “3 Girls” ဇာတ်ကားမှာ ပရိသတ်တွေဆီက ကောင်းမွန်တဲ့ တုံ့ပြန်မှုတွေရရှိထားပြီး ဒီဇာတ်ကား ဖွေးဖွေးဟာ စိတ်ပုပ်တဲ့ “ခေါင်ပွင့်” ကာရိုက်တာကနေ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒါရိုက်တာဝိုင်းကိုယ်တိုင်က ဒီဇာတ်ကားမှာ ဖွေးဖွေးကို ချီးကျူးစကားဆိုထားပြီး ဖွေးဖွေးကလည်း သူမအနေနဲ့ အတော်လေးပင်ပင်ပန်းပန်းရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။ ဒါ့ကြောင့်လည်း မအေးသောင်းတစ်ယောက် “3 Girls” ကြည့်ပြီး “ဖွေးဖွေးကိုကြွေတယ်” လို့ ဆိုလိုက်တာပါပဲ ပရိသတ်ကြီးရေ။ လတ်တလောမှာတော့ မအေးသောင်းက ကိုရီးယားခရီးစဉ်က ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ချစ်ရတဲ့ ဖွေးစိန်လေးကတော့ ရုပ်ရှင်ကားတစ်ကားရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source: Aye Thaung

မှတ်ချက်- Myanmarload စာမျက်နှာမှကူးယူဖော်ပြပါသည်

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *