အမြန်လမ်း မိုင် ၁၁ဝ မှာ ဘုရားထီးတင်မယ့် သရုပ်ဆောင် ဖူးစုံ

ရုပ်ရှင်နဲ့ ဗွီဒီယိုသရုပ်ဆောင် ဖူးစံက ရန်ကုန် မန္တလေး အမြန်လမ်း မိုင်တိုင် ၁၁ဝ မှာ ဘုရားထီးတင်မယ်လို့ သိရပါတယ်။

မင်းသမီးချောလေးဖြစ်တဲ့ ဖူးစုံက ပရိတ်သတ်တွေ မျက်စိအောက်က ပျောက်သလိုဖြစ်နေတာပါ။ ဒါပေမယ့်လည်း ခုလောလောဆယ် ဇာတ်လမ်းတွဲတွေ ရိုက်နေတယ်လို့ သိရပါတယ်။ နှင်းဆီအငြိမ့်မှာလည်း ပင်တိုင်မင်းသမီးတစ်ယောက်အဖြစ် ကနေဆဲ ဖြစ်ပါတယ်။

ဘုရား ထီးတင်မယ့်အကြောင်းကိုတော့ သူမက – “၃ ရက်နေ့ကိုတော့ အစ်မတို့ အမြန်လမ်း မိုင် ၁၁ဝ မှာ ဘုရားထီးတင်မယ်။ အစီအစဉ်တော့မဟုတ်ပါဘူး။ ဖူးစံတို့က သွားတယ်၊ ရောက်တယ်ဆိုလို့ရှိရင် ကိုယ်လည်း တိုက်ဆိုင်တယ်ဆိုရင် လှူဖြစ်တာပေါ့နော် “ လို့ ဒီနေ့ (ဒီဇင်ဘာလ ၁၈ ရက်) ဆန်းဒေးဂျာနယ်နဲ့ အင်တာဗျူးမှာ ပြောထားတာ ဖြစ်ပါတယ်။

ဖူးစုံတစ်ယောက် ကုသိုလ်ရေးတွေ အာရုံပြုလုပ်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့လကတော့ ပုဂံ၊ ပြဿဒ်ကြီးဘုရား ဆေးသင်္ကန်းကပ်လှူရာမှာ ရှေးဟောင်းနယ်မြေ ဖြစ်လို့ မလုပ်သင့်ဘူး ဆိုပြီး ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။

Photos©စမတစ်ထောင်ကျောင်းမှော်ဘီ,Myo Ko,Moe Nadi,Phoo Son

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *