သင့်ချစ်သူကို လုံးဝ မလိမ်သင့်တဲ့ အချက် (၁၃) ချက် …… !

သင့်ချစ်သူကို ဒီအကြောင်းအရာတွေနဲ့ ပက်သက်ပြီး လိမ်မထားသင့်ပါဘူး။

၁။
သင်တွဲဖူးတဲ့ ရည်းစားဟောင်းတွေအကြောင်း မလိမ်သင့်ဘူး။ အစကတည်းက ပွင့်ပွင့်လင်းလင်း ဖွင့်ပြောထားသင့်တယ်။

၂။
ဘယ်သူနဲ့ အတူရှိနေတယ်ဆိုတာ မလိမ်သင့်ဘူး။

၃။
ဘယ်နေရာမှာ ရှိနေတယ်ဆိုတာ မလိမ်သင့်ဘူး။ (သူဘာသူ သိသွားရင် ပိုဆိုးမယ်)

၎။
ဘယ်ကုမ္ပဏီမှာ၊ ဘယ်ရာထူး၊ လစာဘယ်လောက်ဆိုတာတွေ မလိမ်ထားသင့်ဘူး။

၅။
သူ့ကိုချစ်တယ်ဆိုရင် ချစ်တယ်ပေါ့။ ဟန်ဆောင်တဲ့ကိစ္စတွေ မလုပ်သင့်ဘူး။

၆။
သူ မရှိတဲ့အချိန်လည်း အေးဆေးပဲလို့ သူ့ရှေ့မှာ ဟန်မဆောင်နဲ့။

၇။
သင့်အသက်ကို မလိမ်သင့်ဘူး။ (တကယ်ချစ်ပြီဆိုမှတော့ သင့်အသက်က ကြီးကြီး ငယ်ငယ် သူက ဂရုစိုက်မှာမဟုတ်ဘူး)

၈။
ကလေးဘဝအကြောင်း ပြောဖို့ မရှက်နဲ့။

၉။
သင့်ရင်ထဲမှာရှိတဲ့ ဘဝရည်မှန်းချက်ကို မလိမ်နဲ့။

၁၀။
သင့်မှာရှိတဲ့ ကျန်းမာရေးပြဿနာတွေကို မလိမ်နဲ့။

၁၁။
သင့်အိမ်အခြေအနေ၊ သင့်ငွေရေးကြေးရေးအခြေအနေကို မလိမ်နဲ့။

၁၂။
သင့်ဝါသနာတွေကို မဖုံးကွယ်နဲ့။

၁၃။
သူ့သူငယ်ချင်းတွေထဲက သင်မကြိုက်တဲ့လူရှိရင် သူသိအောင် ပွင့်ပွင့်လင်းလင်း ပြောထားပါ။

Source: Duwun

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *