တိုက်​အမြင့်​ကြီး​တွေ​ပေါ်က​နေ စွန့်​စားမှု​ကြောင့်​နာမည်​ကြီးခဲ့သူ ပြုတ်​ကျ​သေဆုံးခဲ့ရတဲ့အ​ကြောင်းအရင်း

ပြုတ်ကျသေဆုံးသူမှာ မိခင်နဲ့ ချစ်သူအတွက် စွန့်စားခြင်းဟု ၎င်းရဲ့ဦးလေးဖြစ်သူဆို

မကြာသေးခင်ကမှ သတင်းစာမျက်နှာတွေမှာ ဖော်ပြခြင်းခံခဲ့ရတဲ့ တရုတ်နိုင်ငံသား လူစွန့်စားတစ်ဦးရဲ့ သေဆုံးမှုသတင်းနဲ့အတူ လူတွေရဲ့ဝေဖန်သံတွေလည်း ကျယ်လောင်ခဲ့ပါတယ်။ တကယ်တော့ အဆိုပါ သေဆုံးသူ Wu Yongning ဟာ လူမှုကွန်ယက်မှာ သူရဲ့စွန့်စားမှုတွေကြောင့် ဆယ်လီဖြစ်နေသူပါ။ သူ့ရဲ့ အငြင်းပွားဖွယ်ရာ စွန့်စားမှုတွေကြောင့် နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။

နောက်ဆုံးတော့ Changsha မြို့က (၆၂)ထပ်အမြင်ရှိတဲ့ မိုးမျှော်အဆောက်ဦ ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့ပြီး၊ သူ့ရဲ့နောက်ဆုံး စွန့်စားခန်း ပြကွက်ဟာ မအောင်မမြင် အဆုံးသတ်ခဲ့ရပါတယ်။ Wu ဟာ ဒီလို စွန့်စားမှုတွေကနေ ပေါင် (၆၂၀၀၀)အထိ ရှာဖွေနိုင်ခဲ့ပြီး၊ ဒီပိုက်ဆံတွေဟာ နေမကောင်းမကျန်းမမာဖြစ်နေတဲ့ သူရဲ့ မိခင်အတွက် ရည်ရွယ်ပါတယ်။

ဒါ့အပြင် ဒီစွန့်စားမှုပြီးစီးခဲ့ရင် ချစ်သူကို လက်ထပ်ခွင့်တောင်းခံမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီပြကွက်မှာ သူရရှိမယ့် စပွန်ဆာငွေပမာဏဟာ အလွန်များပြားကြောင်း သိရပြီး သူ့ချစ်သူကိုလည်း လူလူသူသူ လက်ထပ်ဖို့အတွက် ကြိုစားနေသူဖြစ်တယ်လို့ သူရဲ့ ဦးလေးဖြစ်သူက South China Morning Post နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

ဦးလေးဖြစ်သူက ” ဒီအစီအစဉ်ပြီးသွားရင် သူ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းခံဖို့ စီစဉ်ထားတာပါ … ပြီးတော့ သူ့အမေကလည်း ကျန်းမာရေးမကောင်းလို့ သူ ငွေလိုနေပါတယ် … “လို့ ပြောခဲ့ပါတယ်။ သူရဲ့ လုပ်ရပ်ဟာ အများအတွက်တော့ အပြစ်တင်ဝေဖန်စရာ ဖြစ်ခဲ့ကြောင်း၊ ဒါပေမယ့် ဘယ်သူမဆို ကိုယ်ကျွမ်းကျင်တယ်လို့ ထင်တဲ့အရာတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုကြသည်မှာ မဆန်းကျယ်ကြောင်း၊ အပြစ်လည်း ကင်းစင်ကြောင်း ဦးလေးဖြစ်သူက ဆိုပါတယ်။

Wu ဟာ လက်တွေ့စွန့်စားပြတဲ့ Livestream ဗွီဒီယိုပေါင်း (၅၀၀)ကျော် ပြုလုပ်ခဲ့ပြီး ထိုဗွီဒီယိုတွေမှတစ်ဆင့် ဝင်ငွေ ပေါင် (၆၂၀၀၀)နဲ့ ညီမျှတဲ့ တရုတ်ငွေကြေးတွေ ရှာဖွေနိုင်ခဲ့ပြီး သူ့ရဲ့အသက်မွေးဝမ်းကြောင်းမှု အတ္တတစ်ခုတည်းအတွက်သာ ဒီလိုစွန့်စားမှုတွေ ပြုလုပ်နေတာ မဟုတ်ဘဲ မိသားစုရှေ့ရေးအတွက်က ဦးစားပေးဖြစ်ကြောင်း ဆိုပါတယ်။

နောက်ဆုံးစွန့်စားခဲ့တဲ့ ကြောက်စရာပြကွက်မှာတော့ Wu ဟာ အောင်မြင်ခဲ့ခြင်းမရှိဘဲ အသက်နဲ့ကိုယ် အိုးစားကွဲခဲ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းဟာ ကိုယ်ကျွမ်းကျင်တယ်လို့ထင်ရတဲ့ ပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုကြရိုးမှန်ပေမယ့် ဒီလောက်အန္တရာယ်များတဲ့ စွန့်စားမှုမျိုး ပြုလုပ်တဲ့အခါ အသက်ကယ်ခါးပတ်ကဲ့သို့သော လုံခြုံရေးပစ္စည်းတွေ အသုံးပြုခဲ့ရင် အဖိုးတန် အသက်တစ်ချောင်းဟာ အခုထိ ရှိနေနိုင်ပါသေးတယ်။

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *