စိုင်းစိုင်း နဲ့ ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကိုဖွင့်ပြောလိုက်တဲ့ ဖြူဖြူထွေး

လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာတဲ့ ဖြူဖြူထွေးလေးကတော့ မကြာသေးခင်ကမှ နိုင်ငံကျော် အဆိုတော်တစ်ဦးနဲ့ပတ်သက်ပြီး Troll ကြ စနောက်ခံခဲ့ရတာဖြစ်ပါတယ်

ရန်ကုန်မှာ တက္ကသိုလ်တတိယနှစ်ကျောင်းတက်ရင်း အောင်မြင်လာတဲ့ ဖြူဖြူထွေးက ခုဆိုရင် အောင်မြင်မှုတွေရနေပြီး ကြော်ငြာတွေ ဆက်တိုက်ရိုက်နေရပါတယ်။

ဒီလို Troll ခံရတာနဲ့ပတ်သက်ပြီး သူမက

“နေသားကျသွားပါပြီ ဝေဖန်မှု့တွေကတော့အများကြီးပဲ Troll တာတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော် ဒါပေမဲ့သမီးမဟုတ်တဲ့အတွက် သမီးမှာဘာခံစားချက်မှမရှိတော့အေးဆေးပဲ ဘာမှမဖြစ်ဖူး ပေါ့ပေါ့ပါးပါးပဲ မဟုတ်မှန်းသိတော့မခံစားရပါဘူး ဟုတ်ရင်တော့ ခံရင်ခံစားရမှာပေါ့ခုတော့မဟုတ်တဲ့အတွက်မခံစားရပါဘူး”

“အမေတွေက တော့သိပြီးသားပါ ဒါမဟုတ်ဖူးဆိုတာကို ကိုယ့်သမီးအကြောင်းလဲကိုယ်သိနေတာဆိုတော့ မဟုတ်မှန်းသိတော့သူတို့လည်းဘာမှမပြောဘူး ဒီတိုင်းလေးပဲ သူတို့ဘာပြောပြော အေးဆေးနေပေါ့ ဘာမှပြန်မပြောနဲ့တဲ့ သမီးကလည်းဘာမှပြန်မပြောပါဘူး မဟုတ်တဲ့အတွက်ကြောင့်ညီမအပေါ်ဘယ်လောက်ပဲဆဲနေပစေ ညီမကတော့အားလုံးကိုထာဝရ မေတ္တာတရားနဲ့ပဲထားပါတယ်.. အဲ့လိုမျိုးတွေက ရှင်းရင်ပိုရှုပ်မှာစိုးလို့မရှင်းတော့တာ အဲ့ဒါကြောင့်ဘာမှကိုမရှင်းတော့တာပါ” လို့ Sunday Journal ရဲ့အင်တာဗျူးမှာ ပြောခဲ့တာပါ

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *