ငယ်ငယ်က သရုပ်ဆောင် လုပ်ခဲ့မိတာ နောင်တရတယ်ဆိုတဲ့ အိစိကွေး

ကလေးသရုပ်တစ်ယောက်အဖြစ် လူသိများခဲ့တဲ့ အိစိကွေးတစ်ယောက်ကတော့ ငယ်ငယ်က သရုပ်ဆောင် လုပ်ခဲ့မိတာကို နောင်တရမိတယ်လို့ ဆိုလာပါတယ်။

ပရိတ်သတ်အားပေမှု ရရှိခဲ့ပြီး ခုချိန်မှာလည်း အနုပညာအလုပ်တွေ ဆက်လုပ်နေဆဲဖြစ်တဲ့ အိစိကွေးက ဘဝရဲ့ မွမ်းကြပ်မှုတွေအကြောင်း ဖေ့စ်ဘွက်မှာ ရေးသားလေ့ရှိပါတယ်။

မနေ့ (ဒီဇင်ဘာ ၁၈ ရက်) မှာလည်း နောင်တရမိတဲ့အကြောင်း သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ထူးထူးဆန်းဆန်း ရေးသားထားတာ ဖြစ်ပါတယ်။

“မျက်ရည်တွေကျလည်း ကျကျပဲ ပြန်တွေးမိတယ် ငါ ငယ်ငယ်တုန်းကသာ အနုပညာဆိုတာကို မလုပ်ခဲ့မိရင် အခုဆိုလွတ်လွတ်လပ်လပ် ဘာကိုမှ ဂရုမစိုက်ပဲ နေလို့ ရမယ် လူတွေရဲ့အပြောအဆိုတွေခံရမှာမဟုတ်ဘူး ကျရှုံးမှုဆိုတာတွေအများကြီးရမှာမဟုတ်ဘူး ပုံမှန်စာကြိုးစား ဘွဲ့ယူ အလုပ်လုပ် မိဘကိုလုပ်ကျွေး ကိုယ့်စိတ်ကူးကိုယ့်အတွေးနဲ့ ကိုယ်လုပ်ခွင့်ရမှာ”

“အခုတော့သူငယ်ချင်းဆိုတာကလည်းဘာမှန်းမသေချာ ဘာပဲလုပ်ချင်လုပ်ချင် ဆင်ခြင်ရတယ် မလုပ်ရဘူး အားလုံးကို ကြောက်နေရတယ် Personal အရေးမကြီးတော့ဘူး ကိုယ့်ကိုယ်ကိုတောင် ကိုယ်မပိုင်ဘူး ဒီအသက်ရွယ်၁၆ လေးကို အမျိုးမျိုးတိုက်ခိုက်ကြတယ် အသက်နဲ့မလိုက်တဲ့ အခက်ခဲတွေ Stress တွေ ခံရတယ် ပျော်စရာစိတ်ချမ်းသာစရာဆိုတာ ဘာများလဲ” လို့ ရေးသားထားတာ ဖြစ်ပါတယ်။

Photos©Ei Si Kway

Source: Pannpwint

Facebook Comments

Leave a Reply

Your email address will not be published. Required fields are marked *